လူမှုကွန်ရက်ပေါ် ပြန်ရောက် လာလာချင်း အရေးတော်ပုံအောင် ရမည်လို့ ဆိုလိုက်တဲ့ သရုပ်ဆောင် နေတိုး

လူမှုကွန်ရက်ပေါ်  ပြန်ရောက် လာလာချင်း အရေး တော်ပုံအောင် ရမည်လို့ ဆိုလိုက်တဲ့ သရုပ်ဆောင် နေတိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အကယ်ဒမီ မင်းသားချော နေတိုးက ပရိတ်သတ်တွေရဲ့ အချစ်တွေကို ခိုင်ခိုင် မာမာယူ ထားနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

နေတိုးက ကြော်ငြာမှာရော ရုပ်ရှင် ဇာတ်လမ်း ကားတွေမှာလည်း သရုပ်ဆောင် ပိုင်နိုင် လွန်းတာကြောင့် လူကြီးရော လူငယ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အ သည်းစွဲ ချစ်နေရတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။

မင်းသားချော နေတိုးက အနေအထိုင် သိုသိပ်သူ ပီပီ ချစ်သူရှိနေတာကို သိပေမဲ့ လက်ထပ်ဖို့အတွက် ရည် ရွယ်ပြီ လားဆိုတာကိုလည်း ပရိတ်သတ်ကို အသိမပေးဘဲ နေထိုင်သူလည်း ဖြစ်ပါတယ်။

အရာရာကို သိုသိပ်ပြီး နေတတ်သူ ပီပီ နိုင်ငံရေးနဲ့ ပက်သက်လာရင်လည်း တိတ်ဆိတ် လွန်းနေတာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရ သူလည်း ဖြစ်ပါတယ်။

မင်းသားချော နေတိုးက ဝေဖန်မှုတွေရှိခဲ့ရင်လည်း ဖြေရှင်းချက် ပေးလေ့မရှိဘဲ သူလျောက်လှမ်းနေတဲ့ လမ်းကိုသာ ဂရုစိုက်ပြီး နေထိုင်သူ ဖြစ်ပါတယ်။

ခုချိန်မှာ နိုင်ငံရေးနဲ့ ပက်သက်ပြီး လူတိုင်းက သတိကြီးစွာ နေထိုင်နေရချိန်မှာ မင်းသားချော နေတိုးက ပြည်သူတွေကို အားပေးစကားလေး ပြောနေရင်း လူမှုကွန်ယက် စာမျက်နှာမှတဆင့် တစ်ဖန် ပေါ်လာခဲ့ပြန်ပါတယ်။

ဒီနေ့လေးမှာတော့ မင်းသားချော နေတိုးက လက် ၃ ချောင်းထောင်ရင်း အရေးတော်ပုံ အောင်ရမည်ဆိုတဲ့ စာတန်းလေးနဲ့ အတူ ပြည်သူတွေကို အားပေးစကား ပြောလာတာပဲ ဖြစ်ပါတယ်။

မင်းသားချော နေတိုးကို ချစ်ခင် အားပေးကြတဲ့ ပ ရိတ်သတ်ကြီးလည်း တစ်ခုခုပြောပေးသွားကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *