လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆက်ဆံတက်တဲ့ ဆိုင်ဝန်ထမ်းကို နောက်တစ်ခါမလုပ်ရဲအောင် ပညာပေးခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆက်ဆံတက်တဲ့ ဆိုင်ဝန်ထမ်းကို နောက်တစ်ခါမလုပ်ရဲအောင် ပညာပေးခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လူတော်တော်များများဟာ အပေါ်ယံအဖြစ် ဝတ်စားပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့အခြေအနေ အ ဆင့်အတန်းတွေကို ခန့်မှန်းတတ်လေ့ရှိကြပါတယ်။ ၎င်းက အရမ်းကို မှားယွင်းလွန်းတဲ့ အကျင့်တစ်ခုပဲဖြစ်ပါတယ်။

အထင်ကြီးစရာကောင်းတဲ့ အဝတ်အစားတွေဝတ်ထားရင် auto ကို ဒီလူက အခြားကိုဆွဲဆောင်နိုင်တဲ့ သူဌေးဘဲလို့ ထင်သွားတတ်တဲ့လူတွေလည်း ရှိနေမှာပါ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အမျိုးသားတစ်ဦးက ၎င်း ဆွဲဆောင်မှုရှိတဲ့ သူဌေးတွေထဲက တစ်ယောက် မဟုတ်သလို သာမန်လူ တစ်ယောက်လိုဝတ်စားထားတဲ့သူ့ကို နာ မည်ကြီး တံဆိပ် Louis Vuitton ဆိုင်ရဲ့ဝန် ထမ်းတွေက သူ့စတိုင်ကိုကြည့်ပြီး အလွန်စိတ်ဝင်စားမှု မရှိနေပုံရပါတယ်။

Ismail Ariffin အမည်ရှိတဲ့ အမျိုး သားက Kuala Lumpur City Center ရှိဇိမ်ခံ စတိုးဆိုင်မှာဖြစ်ပျက်သွားတဲ့ သူ့သူငယ်ချင်းဖြစ်သူ Zainal Abidin ရဲ့အဖြစ်ကို Facebook မှာ ခုလိုမျှဝေလာခဲ့ပါတယ်။

၎င်း City Center က အဆင့်မြင့် ဖက်ရှင်ကုန်တိုက် နာမည်ကြီး တံဆိပ်ပစ္စည်းနဲ့ပြည့်နေတဲ့ စင်တာတစ်ခုလို့ လူသိများခဲ့ကြပါတယ်။ Ismail က ၎င်းဆိုင်က သူတို့ရဲ့ ဝတ် စားပုံကြောင့် သူတို့ကို ခွေးတွေလို ဆက် ဆံခဲ့ကြသလို Zainal က LV အိတ်တစ်လုံးကို ဝယ်ယူခဲ့ပြီး ၎င်း အိတ်မှာ သူ့နာမည်ကို ဖောင်းကြွနဲ့ထည့်ချင်လို့ ၎င်း ဆိုင်ကို ပြန် သွားခဲ့ပါတယ်။

သို့ပေမဲ့ ဆိုင်ဝန်ထမ်းတွေက LV အိတ်က တန်ဖိုးကြီးပြီး ပျက်စီးသွားမှာကို ကြောက်တာကြောင့် Zainalရဲ့တောင်းဆိုမှုကို လက်မခံခဲ့ကြပါဘူး။ ၎င်းက မျှတမှုရှိပုံရပေမဲ့လည်း အဖြစ်အပျက်တစ်ခုလုံးကို စိတ်ပျက်သွားစေတဲ့ အနေနဲ့ ဝန်ထမ်းတွေက Zainal ကို ဆင်းရဲသားလို့ စွပ်စွဲပြီး သူ့အား ဒေါသထွက်သွားစေခဲ့ကာ မင်းတို့ ငါနဲ့ငါ့သူငယ် ချင်းကို မျောက်လို မဆက်ဆံစေရဘူး လို့ပြောလာခဲ့ပါတယ်။

ထို့နောက် အလွန် ဒေါသထွက်သွားတဲ့ Zainal က ဝန်ထမ်းတွေကို ကတ်ကြေးတောင်းပြီး ၎င်း တို့ရှေ့မှာဘဲ LV အိတ်ကို ညှပ်ပြီး ဖျက်ဆီးပြခဲ့ကာ သူတို့က သူတို့ရဲ့LV အိတ်တွေက ငါတို့ရဲ့ ဂုဏ် သိက္ခာထပ် တန်ဖိုးကြီးတယ်လို့ ထင်နေကြတယ် လို့ဆိုရင်း LV အိတ်ကို သုံးမရတော့အောင် ညှပ်ပစ်ပြခဲ့ပါတယ်။

တစ်ကယ်တော့ Zainal က ဆင်းရဲတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဝေးလာဝေးပါဘဲ။ သူ အဲ့ဒီအချိန်က ယူဆောင်လာခဲ့တဲ့ Louis Vuitton x Takashi Murakami Monogramoflauge Duffle Bag အိတ်က ဒေါ်လာ (၇၀၀၀) ကျော် တန်ဖိုးရှိခဲ့ပါတယ်။

၎င်း ဗီဒီယိုက ချက်ချင်းပင် အာရုံစိုက်မှုများစွာ ရရှိခဲ့ပြီး netizen တွေက ၎င်း တို့ရဲ့စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံအချို့ကိုလည်း မျှဝေခဲ့ကြသလို လူတစ်ယောက်က တချို့ဆိုင်ဝန်ထမ်းတွေက ဆိုင်ရှင်ပုံစံဖမ်းတတ်ကြတယ်။

တကယ်တော့ သူတို့က လစာနည်းနည်းရကြတာ လို့မှတ်ချက်ပေးခဲ့ပါတယ်။ သို့ပေမဲ့ သတင်းအရင်းအမြစ်ကိုသိတဲ့ လူတစ်ယောက်က Zainal ရဲ့အိတ်က နာမည်ဖောင်း ကြွထည့်လို့မရတဲ့ အိတ်မျိုးဖြစ်နေလို့ ဆိုင်ဝန်ထမ်းက လုပ်လို့မရကြောင်းကို ရှင်းပြဖို့ကြိုးစားခဲ့သေးကြောင်း ပြန်ပြောခဲ့ပါတယ်။

Zainal နဲ့ ဆိုင်ဝန်ထမ်းတို့အကြားက ပြ ဿနာအသေး စိတ်ကိုတော့ သေချာမသိခဲ့ရပါဘူး။ သို့ပေမဲ့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးတော့ မဆုံးဖြတ်သင့်တာက အမှန်ပါ။ ပရိတ်သတ်ကြီးအားလုံးလည်း မှတ် ချက်လေးတွေရေးသားခဲ့ပါအုံးနော်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *