လုပ် သင့် လုပ် ထိုက် တာ ကို လုပ် ခဲ့လို့ ဘယ် တော့မှ နောင် တ မရဘူး ဆိုတဲ့ ဖွေးဖွေး

လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့လို့ ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ ဖွေးဖွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီတော်လှန်ရေးကြီးမှာ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့လို့ ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ အကယ်ဒမီ ဖွေးဖွေး သရုပ် ဆောင် ဖွေးဖွေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြပြီး ချစ်စရာ ကောင်းလွန်းလှတဲ့ အမူအရာတွေရယ်

အမိုက်စား သရုပ်ဆောင် ချက်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုက်အမာ ကြီးရရှိထားတဲ့အကယ်ဒမီ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။

ဖွေးဖွေးက ပွင့်လင်း ရိုးသားပြီး ချစ်စရာ ကောင်းလွန်းလှတာကြောင့် ပရိတ်သတ်တွေက ချစ်ခင်နေကြရပါတယ်။

ဖွေးဖွေးက အလှူအတန်းတွေမှာလဲ ကိုယ်တိုင် ကိုယ်ကျသွားရောက် လှူဒါန်းပေးတာကြောင့်လဲ ပရိတ်သတ်များက ချီးကျူး အားကြနေရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အာဏာသိမ်း လိုက်ပြီးကတည်းက လူထု လှုပ်ရှားမှုတွေဖြေစ် ပေါ်နေတာ ယနေ့ထက်ထိပါပဲ။

ဖွေးဖွေးက ဒီလူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပါဝင်ပြီး လမ်းထွက်ပြီး တာ်လှန်ရေးကြီးမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့ပါတယ်။

ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်လာ ခဲ့တာကြောင့် ပရိတ်သတ်တွေမကပဲ ပြည်သူတွေကပါ လေးစား အားကျ နေရပါတယ်။

ဖွေးဖွေးက တော်လှန်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ သူမရဲ့ခံစား ချက်တွေအမှန်တရားအတွက် လူမှုကွန်ယက်ထက်မှာ ရေးသား ဖော်ပြလေ့ရှိပါတယ်။

ယခုတစ်ခါမှာလဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်တဲ့အတွက်ကြောင့် နောင်တရမည်မဟုတ် ကြောင်းကို အခုလိုပြောကြားထားပါတယ်။

လုပ်သင့် လုပ်ထိုက်တာ ပြောသင့် ပြောထိုက်တာတွေ ပြောခဲ့ရလို့ ပြည်သူတယောက်အနေနဲ့ဘယ်တော့ မှ နောင်တမရပါဘူး ကိုယ့်ခံယူချက် ပြည်သူ့အမှန် တ ရားကို တသားထဲ အမြဲသစ္စာရှိသွားပါဦးမယ် နေ့တိုင်းဆုတောင်းပေးပါ့မယ်။

အားလုံး ဂရုစိုက်ကြပါ ရှင်။

ဘာလိုလိုနဲ့ ပိတောက်ပန်းတွေတောင် ပွင့်တော့မယ် နွေဦးလေးတို့ရယ် ဆိုပြီးတော့ သူရဲ့ခံစားချက်ကို အခုလိုပဲပြောပြလာပါတယ်။

စာဖတ်ပရိတ်သတ်ကြီးအတွက် ဒီသတင်းကို ပြန် လည် မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *