လိုင်းပေါ်ကနေ သတင်း အမှားတွေနဲ့ အပုတ်ချ ခံနေရတာကြောင့် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဘစိုင်း

လိုင်းပေါ်ကနေ သတင်း အမှားတွေနဲ့ အပုတ်ချ ခံနေရတာကြောင့် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဘစိုင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဘစိုင်းလို့ ချစ် စနိုးခေါ်ကြတဲ့ လူငယ်တွေရဲ့ အသဲကြော် အဆိုတော်

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပတ်သက်ပြီး သ တင်း အမှားတွေ လွှင့်နေတာကိုတွေ့ လာရပါတယ်။

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြည်သူတွေနဲ့ ရင်ဘတ်ချင်း မတူပဲ တပ်မတော် ထောက်ခံသူ

တစ်ယောက်ဖြစ်ပြီး သူ့ကို ပြည်သူတွေ မုန်းမှာစိုးလို့သာ ဟန်ဆောင်ပြီး နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ဘာ ရည်ရွယ်ချက်နဲ့ ဘယ်သူက စလွှင့်တယ်ဆိုတာ အတိအကျ မသိရပေမယ့် လူမှုကွန်ယက် စာမျက်နှာတော့ အတော်လေး ကျယ်ကျယ် ပြန့်ပြန့် တွေ့လာရပါတယ်။

အဲ့ဒီ သတင်းဟာ လုံးဝ မမှန် ကန်ကြောင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပရိတ်သတ် တစ်ယောက် အနေနဲ့ ပြောလိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ကိုဗစ်နဲ့ ပတ်သက်ပြီး သူတတ်နိုင်တာ အကုန် လှူဖို့ စီစဉ်နေချိန်မှာ အခုလို အာဏာ သိမ်းတဲ့ ကာလနဲ့ ကြုံခဲ့ ရပါတယ်။

အဲ့ဒီ အချိန်မှာပဲ သူ့ရဲ့ မူလ အစီအစဉ်ဖြစ်တဲ့ ပရဟိတ လုပ်မဲ့အစီ အစဉ်ကို ဖျက်ပြီး ပြည်သူတွေနဲ့ အတူ နွေဦး တော်လှန်ရေးမှာ နေ့စဉ် ပါဝင် လှုပ်ရှား ပါတော့တယ်။

သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ နေ့စဉ် မှတ်တမ်းတွေ ရှိပါတယ်။

အခြား နာမည်ကြီး အနုပညာရှင်တွေ ဖမ်းဆီး ခံရချိန်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က အချိန်မှီ ရှောင်တိမ်း နိုင်ခဲ့ပြီး လွတ်မြောက် နယ်မြေတခုမှာ ရောက်ရှိနေခဲ့တာ ပဲဖြစ်ပါတယ်ဗျာ။

ပရိတ်သတ်တွေ အနေနဲ့ ဘစိုင်းနဲ့ ကျနော်တို့ကို သွေးခွဲနေတဲ့ သတင်းမှားတွေကို မယုံကြည်ကြဖို့ ပြန်လည် မျှဝေပေးလိုက် ရခြင်းသာ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *