လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ တစ်နေ့လျှင် ၂ ဘာ သာနှုန်းဖြင့်ကျင်းပတော့မည့် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများအကြောင်း

လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ တစ်နေ့လျှင် ၂ ဘာ သာနှုန်းဖြင့်ကျင်းပတော့မည့် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများအကြောင်း

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများကို လာမယ့် ဇန်နဝါရီ ၅ ရက်မှစ၍ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ကျင်းပမည်ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ် ။

တာဝန်ရှိသူတစ်ဦးက “ဇန်နဝါရီလ ၅၊ ၆၊ ၇ ရက်မှာစစ်ဖို့စာထွက်ခဲ့ပြီးပြီပေါ့ ။ ဒီနှစ်ဝက်စာမေးပွဲကို ပေါ့ ။ အဲဒါက ဘယ်လတွေ အထိလဲဆိုတော့ ကျောင်းဖွင့်တဲ့ရက် ကစပြီးဒီဇင်ဘာ အထိ သင်ထားတဲ့ သင်ရိုးတွေထဲကနေ တစ်နေ့ကို နှစ်ဘာသာ နှုန်းနဲ့ စစ်သွားဖို့အကြောင်းကြားထားပြီးပြီပေါ့” လို့ပြောဆိုထားပါတယ် ။

ကြေညာချက် အရ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အဆင့် နှစ်ဝက် စာမေးပွဲများကို ဇန်နဝါရီ ၅ ရက်တွင် စတင် ပြုလုပ်မည်ဖြစ် ကြောင်း နှစ်ဝက် စာမေးပွဲ စစ်ဆေးရာတွင် ကျောင်းစတင်ဖွင့်လှစ် သည့်လမှ စတင်ပြီး ဒီဇင်ဘာ အထိသင်ကြားခဲ့သည့် သင်ရိုးများထဲမှ သင်ခန်းစာများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည် ။

ဆက်လက်ပြီး နှစ်ဝက် စာမေးပွဲကို စစ်ဆေးရာတွင်သူငယ်တန်း KG, Grade 1,2,3 တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ ဖြေဆိုရန် မလိုဘဲ အခန်းတွင်း စစ်ဆေး ကန့်သတ်ခြင်းသာ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည် ။

ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက“ အတန်း အားလုံးဆိုတဲ့ နေရာမှာတော့ နှစ်ဝက်တို့ နှစ်ဆုံးတို့စစ်ဆေးစရာမလိုတဲ့ အခန်းတွင်းပဲ စစ်ဆေးဖို့လိုတဲ့ အတန်းတွေဖြစ်တဲ့ မူလတန်းအောက် ဆင့်လို့ခေါ်တဲ့သူငယ်တန်းပါမယ် ။ ပြီးရင် KG, Grade 1,2,3 အတန်းတွေကိုတော့ နှစ်ဝက် စစ်တယ်လို့တော့ မဟုတ်ဘူး ။

အခန်းတွင်းစစ်ဆေးခြင်းနဲ့ပဲ စစ်သွားမှာပါ ။ မူလတန်းမှာ စနစ်သစ်ရဲ့အကောင်အထည် ဖော်မှုအရတော့ Grade 4 ပေါ့ ။ ပြီးရင်တော့ အလယ် တန်းရယ်၊အထက် တန်းရယ်ပေါ့ ။

ဒါတွေကိုတော့ နှစ်ဝက်စစ် ဆေးခြင်းအနေနဲ့ ဇန်နဝါရီ ၅၊ ၆၊ ၇ ရက်တွေ မှာတစ်နေ့ နှစ်ဘာသာနဲ့ စစ်ဆေး သွားမှာပါ” လို့ဆိုပါတယ် ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *