လမ်းဘေးမှာ နေထိုင်နေရသူဆိုပေမဲ့ ကိုယ်ချင်းစာနားစိတ်အပြည့်ရှိတဲ့ အဘိုးအိုတစ်ယောက်

လမ်းဘေးမှာ နေထိုင်နေရသူဆိုပေမဲ့ ကိုယ်ချင်းစာနားစိတ်အပြည့်ရှိတဲ့ အဘိုးအိုတစ်ယောက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အမျိုးသား တစ်ဦးဟာ ဘူတာရုံ အနားသို့ ဖြတ်ပြီး လမ်း လျှောက်သွားစဉ် မလှမ်း မကမ်းမှာ ဟောင်း နွမ်းတဲ့ အဝတ် အစားတွေနဲ့ ပြုံးပြနေတဲ့ အဘိုးအိုကို တွေ့ရှိခဲ့ရလို့ ၊ မနေနိုင်ဘဲ အဘိုးအိုနား ချဉ်းကပ်သွားခဲ့ပါတယ်။

ပိုက်ဆံ လိုနေပုံရတဲ့ အဘိုးအိုကို ပိုက်ဆံ အ ချို့ပေးခဲ့တဲ့အပြင် အသက် ဘယ်လောက်ရှိပြီလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ အသက် (၆၀)နှစ် အရွယ် ရှိပြီဖြစ်ကြောင်း အဘိုးအိုက ပြန်ဖြေလာခဲ့ပါတယ်။

အိမ်က ဘယ်နားမှာလဲဆိုပြီး မေးမြန်းခဲ့ ချိန်မှာတော့ အိမ်မရှိဘဲ လမ်းမဘေးက အုတ်ခုံ ခုံတန်းလျားမှာ သာနေထိုင်ကြောင်းနှင့် အတူ လိုက်ပါလာသော လမ်းဘေး ခွေးတွေအ တွက် အစာဝယ် ပေးရအုံးမှာဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။

ငါ့အပေါ် သစ္စာရှိပြီး အမြဲ စောင့်ကြည့်ပေးနေတဲ့ ခွေးလေး တွေရှိနေလို့ ဒါက ငါ့အိမ်ပါပဲဆိုပြီး အဘိုးအိုက ပြောပြလာခဲ့ပါတယ်။

သူ့အတွက် ပိုက်ဆံ အပိုတွေ မထားရှိဘဲ အမြဲ လမ်းဘေး ခွေးတွေအတွက် အစာ ကျွေး မွေးပေးလေ့ရှိပြီး စွန့်ပစ်ခံရတဲ့ ခံစားချက် မိသားစုမရှိတဲ့ ခံစားချက်တွေကို နားလည် သဘောပေါက်သူဖြစ်လို့ ခွေးလေး တွေအ ပေါ် စာနာစိတ် အမြဲ ထားလေ့ရှိတဲ့ အဘိုးအိုတစ်ယောက်ပဲဖြစ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းနေရတဲ့ဘဝပုံစံ မျိုးက မတူညီဘူးဆိုတာ အဘိုးအိုရဲ့ ပုံစံကို ကြည့်ရုံနဲ့ သိရှိ နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း စာနာစိတ်အပြည့်ရှိတဲ့ အဖိုးအိုရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး စာနာ သနား ကြမယ်လို့ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Add a Comment

Your email address will not be published. Required fields are marked *