လမ် းဖောက် လုပ် ရင်း နှစ် ပေါင်း ၇၀၀ သက် တမ် းရှိတဲ့ ချောက် ချာ းဖွယ် Mummy ရဲ့ အ‌လောင် းကို တွေ့ရှိခဲ့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

လမ်းဖောက်လုပ်ရင်း နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ ချောက်ချားဖွယ် Mummy ရဲ့ အ‌လောင်းကို တွေ့ရှိခဲ့

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ လမ်းဖောက်လုပ်သူတွေက Jiangsu ပြည်နယ် Taizhou မြို့မှာ လမ်းကျယ်ပြန့် စေရေးအတွက် တာဝန် ပေးအပ်ခံခဲ့ရပါတယ်။

သူတို့က ၆ ပေခန့် မြေအောက် တွင်းတူးနေကြစဉ် ဘယ်သူမှ လုံးဝ မျှော်လင့်မထားတဲ့ အရာတစ်ခုကို သူတို့တွေ့ရှိခဲ့ပါတယ်။

သူတို့က တူး ဖော်နေစဉ်အတွင်း ခိုင်မာတဲ့ အရာတစ်ခုကို ထိမိကာ စစ်ကြည့်လိုက်တဲ့ အခါ အုတ်ဂူ တစ်ခုကို ထိမှန်ခဲ့ကြောင်း သူတို့ သိလိုက်ရပါတယ်။

၎င်းကို စုံစမ်းစေလိုခြင်းကြောင့် ပရော်ဖက်ရှင်နယ် ရှေးဟောင်း သုတေသန ပညာရှင်တွေကို ၎င်း နက်နဲတဲ့ အရာကို ဖွင့်ပြရန် ဖိတ်ခေါ်လာခဲ့ပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင်တွေ ရောက်ရှိလာတဲ့အခါ ၎င်း အုတ်ဂူထဲမှာ နှစ်ပေါင်း ၇၀၀ ကျော်ပြီဖြစ်တဲ့ Mummy ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

Mummy ရဲ့ ကိုယ်ခန္ဓာတွေဟာ လုံးဝ ပြည့်စုံနေသေးတဲ့ အခြေ အနေရှိနေတာကြောင့် သူတို့ကို အံ့အားသင့် စေခဲ့ပါတယ်။ သူတို့က ၎င်း Mummy ဟာ မင်းဆက်များထဲမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

သူမဟာ ထိုအချိန်ကာလမှ လှပတဲ့ လက်ဝတ်ရတနာများဖြင့် တန်ဆာ ဆင်ထားပါတယ်။

သုတေသန အဖွဲ့ဝင်တွေက လုပ်ငန်းစဉ် တစ်ခုလုံးကို မှတ်တမ်းတင်ပြီး ကမ္ဘာပေါ်က လှုတွေဆီ မျှဝေလာခဲ့ပါတယ်။

သူတို့ ရိုက်ထားတဲ့ ပုံအားလုံးကို ကြည့်ခြင်းအားဖြင့် ကြောရွံ့ ရွံရှာစရာကောင်းသလို့ အံ့သြဖွယ်လည်း ကောင်းပါတယ်။

၎င်းဟာ ရှားပါးတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ပြီး ယနေ့ရှေးဟောင်းသုတေသနအတွက် တိုးတက်မှု နဲ့ အတူ ၎င်း အလောင်းကို ပြတိုက်အတွက် ထိန်းသိမ်း ထားနေပါတယ်။

၎င်း နေရာတူးဖော်ပြီးနောက် ရှေးဟောင်း သုတေသန ပညာရှင်များက ၎င်း တို့ ရှာဖွေနေတဲ့ အခြား ခေါင်းတလား နှစ်ခုကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *