လက်ရာမြောက်ပြီး အသက်ဝင် လွန်းလှတဲ့ ပန်းချီ ဆရာကြီး ဦးသစ္စာနီ ကိုယ်တိုင် ရေးဆွဲထားတဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူပန်းချီကား

လက်ရာမြောက်ပြီး အသက်ဝင် လွန်းလှတဲ့ ပန်းချီ ဆရာကြီး ဦးသစ္စာနီ ကိုယ်တိုင် ရေးဆွဲထားတဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူ ပန်းချီကား

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ MRTV-4 မှ ထုတ်လွှင့် ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲ နဲ့ ပရိတ်သတ်အားပေးမှု့ကို

ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင်က လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေကို ရောက်ရှိနေပါတယ်။

သူမက အာဏာစသိမ်းတဲ့နေ့မှ စပြီး အခုလက်ရှိအချိန် အထိတိုင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုး စား အားထုတ်နေသူ တစ်ဦးပဲဖြစ်ပါတယ်။

ပြည်သူတွေ အားလုံး အမှန်တရား အတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့ အချိန်ကတည်းက ပြည်သူတွေနဲ့ အတူ ဆန္ဒပြခဲ့တဲ့ မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆို ခံထားရပေမယ့် မြနှင်းရည်လွင်က လွတ်မြောက် နယ်မြေမှာ စစ်သင် တန်း တတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက် တွန်းလှန်နေဆဲ ဖြစ်ပါတယ်။

မြနှင်းရည်လွင် ကိုချစ်ကြတဲ့ ပရိတ်သတ်တွေက မသိသူ မရှိအောင် အရင်ကထက် ပိုမိုများလာပါတယ်။

သူမရဲ့ စိတ်ဓာတ်ကို လေးစားပြီး သူမပုံကို မြတ်နိုးတန်ဖိုးထားပြီး ဂုဏ်ပြုရေးဆွဲပေးကြတဲ့ ပန်းချီပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ နာမည်ကြီး ပန်းချီဆရာကြီး တစ်ဦးဖြစ်တဲ့ ဆရာသစ္စာနီ ကိုယ်တိုင် ရေးဆွဲထားတဲ့ မြနှင်းရည်လွင် ရဲ့ ပုံတူ ပန်းချီကားလေးက လက်ရာမြောက်ပြီး အသက်ဝင် လွန်းလှပါတယ်။

ပန်းချီကားလေးရဲ့ နာမည်လေးကိုတော့ “သူမ” လို့ နာမည်ပေးထားပြီးတော့ မြန်မာ နွေဦးတော်လှန်ရေး အတွက် ဆရာကြီးရေးဆွဲထားတဲ့ ၁၃ ချပ်မြောက်ပန်းချီကားလေးပဲ ဖြစ်ပါတယ်။

ပန်းချီကားလေးကိုတော့ မြနှင်းရည်လွင် ကသူမရဲ့ဖေ့ဘွတ်မှာ ပြန်လည် မျှဝေထားတာကိုလဲ တွေ့ရပါတယ်။

ဆရာကြီးက လွတ်မြောက် နယ်မြေရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက် အတွက်လဲ ပုံတူပန်းချီ ရေးဆွဲပေးခဲ့ ဖူးပါတယ်။

ပရိတ်သတ်တွေကလည်း ဆရာကြီးရဲ့ ပန်းချီ အနု ပညာတစ်ခုဖြစ်တဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူပန်းချီကားက လက်ရာမြောက်ရဲ့လား ?

ကြိုက် နှစ်သက်တယ်ဆိုရင် ပြန်လည် မျှဝေသွားပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျေးဇူး အထူးတင် လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *