လက်တစ်ဖက်ဖြတ်ပစ်ခဲ့ရပေမဲ့လဲ ဆက်လှုပ်ရှားနိုင်ဖို့ (bionic) လက်မောင်းတစ်ခုကို ကိုယ်တိုင် ဖန်တီးလာခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

လက်တစ်ဖက်ဖြတ်ပစ်ခဲ့ရပေမဲ့လဲ ဆက်လှုပ်ရှားနိုင်ဖို့ (bionic) လက်မောင်းတစ်ခုကို ကိုယ်တိုင် ဖန်တီးလာခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ (Indonesia) နိုင်ငံရှိ Wayan Sumardana အမည်ရှိတဲ့ ဂ ဟေဆော် အမျိုးသားတစ်ဦးက လွန်ခဲ့တဲ့ (၆) လ ခန့်က လေဖြတ်တဲ့ ရောဂါဝေဒနာကို ခံစားနေခဲ့ရပြီး အကြောသေသွားတဲ့ သူ့ရဲ့ဘယ်ဖက်လက်ကို ဖြတ်ပစ်ခဲ့ရပါတယ်။

ထိုအရာက သူရဲ့ဂဟေဆော်တဲ့ အလုပ်ကို မလုပ်နိုင်အောင် တားဆီး နေခဲ့ပေမဲ့လည်း Wayan က ၎င်း ဆုတ်ယုတ်မှုက သူ့ကို ဘယ် လိုအကြောင်းနဲ့မှ မနှေးကွေးသွားစေခဲ့ပါဘူး။ ထို့နောက် Wayan က သူ့လက်မောင်းကို ဆက်လှုပ်ရှားနိုင်စေမဲ့ သူ့ရဲ့လက်ဖြစ် bionic လက်မောင်းကို အင်ဒိုနီးရှားနိုင်ငံ Bali ကျွန်း Karangasem ဒေသ Nyuh Tebel ရွာရှိ သူ့ရဲ့ ဝပ်ရှော့ဆိုင်မှာ တစ်ကိုယ်တည်း ဖန်းတီးပြုလုပ်လာခဲ့ပါတယ်။

ခင်ဗျားတို့မြင်တဲ့အတိုင်း Wayan ရဲ့ bionic လက်မောင်းက အတော်လေး အကြမ်းဖျင်းဘဲ တည်ဆောက်ထားပုံရပေမဲ့ တကယ့်ကို အလုပ်ဖြစ်ကြောင်း ဦးခေါင်းမှအချက်ပြမှုကို အနည်း ငယ်သာယူဖို့ ကျွန်တော့်ရဲ့ဦး ရေပြားနဲ့ တွဲ ဖက်ထားတဲ့ လျှပ်ကူးပစ္စည်းတွေ ပါတယ်။ ၎င်း ကိရိယာတွေမပါဘဲ အချက်ပြမှုတွေကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။

ဒီ အချက်ပြမှုက ကြီးမားတဲ့ အချက်ပြမှုဆီသို့ ပို့လိုက်ပြီးတော့ ကျွန်တော့် နောက်ကျောမှာရှိတဲ့ micro-control မှတဆင့် အရှေ့ပိုင်းဆီသို့ ပြောင်းရွှေ့ပေးစေတယ်လို့ Wayan က ပြောပြလာခဲ့ပါတယ်။ ၎င်း ကိရိယာကလည်း သူ့ကို ဆက်ပြီး ရှင်သန် ရပ်တည်နိုင်အောင် ခွင့်ပြုပေးလာခဲ့ပါတယ်။

သူ့ရဲ့ အကန့် အသတ်မရှိတဲ့ နည်းပညာနှင့် ဗဟုသုတတို့မှ အခုလို အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းကလည်း တစ်ကယ့်ကို အံ့အားသင့်စရာ ကောင်းနေခဲ့ပါတယ်။ ပရိတ်သတ်ကြီးအားလည်း Wayan အပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ် နေ့ ဖြစ်ပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *