ရွှေဘို မီးလောင်မှုမှာ ဆုံးရှုံးသွားခဲ့တာကို သူကိုယ်တိုင် ပါဝင် လှူဒါန်းရင်း အားလုံးကိုလည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းဖို့ တိုက်တွန်းလာခဲ့တဲ့ အိစိကွေး

ရွှေဘိုမီးလောင်မှုမှာ ဆုံးရှုံးသွားခဲ့တာကို သူကိုယ်တိုင် ပါဝင် လှူဒါန်းရင်း အားလုံးကိုလည်း တတ်နိုင် သ လောက်ပါဝင်လှူဒါန်းဖို့ တိုက်တွန်းလာခဲ့တဲ့ အိစိကွေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အိစိကွေးက ကလေး သရုပ်ဆောင် ဘဝကနေ အနုပညာ လောကထဲကို စတင် ရောက်ရှိလာခဲ့သူ တစ်ယောက်ဆိုတာ ပရိတ်သတ်တွေလည်း သိကြမှာပါ။

ခုဆိုရင် အောင်မြင်မှုတွေကို ရရှိခဲ့ပြီးပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို များစွာ ပိုင်ဆိုင် ထားနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီးလည်း ဖေဖော်ဝါရီ လအစပိုင်း တည်းကတိုင် အင်တိုက် အားတိုက် ပါဝင် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

အိစိကွေးက ပရဟိတ လုပ်ငန်းတွေမှာလည်း ပါဝင် ကူညီခဲ့ပြီး သူ တတ်နိုင်သလောက်လည်း လှူဒါန်းမှုတွေကို မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။

မနေ့ ညပိုင်းမှာဆိုရင် ရွှေဘို ဈေးကြီး မီးလောင်ခဲ့တဲ့အတွက် မြို့ခံ ဈေးသူ ဈေးသားတွေ အတွက် ဆုံးရှုံး နစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ရတဲ့ ရွှေဘို မြို့သူ မြို့သားတွေ အတွက် အိစိကွေးကလည်း တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီနေတာပဲ ဖြစ်ပါတယ်။

အိစိကွေးက ”တစ်ယောက် ၁ ထောင်လှူရအောင် ရွှေဘို ဈေးကြီး မီးလောင်သွားတာကို အားလုံးသိပြီးသားပါပဲ ဆုံးရှုံးသွားရတဲ့ ကာယ ကံရှင်တွေကို တတ်နိင်သလောက် လှူကြရအောင်ဗျာ။

(၂၁) ရက်နေ့ထိ စောင့်ပါမယ် ပြီးတာနဲ့ အလှူငွေကို ကိုယ်တိုင် သွားလှူပါမယ်။

K Pay – 09965180220 Wave money –09965180220

အလှူငွေ (၁) ယောက် (၁) ထောင်က စုလိုက်ရင် အများကြီး ဖြစ်တာကြောင့် ကျော်မသွားပဲ

ဝိုင်း share ပြီး အလှူငွေတွေ စုပြီး အတူတူ လှူကြရအောင်ဗျာ” ဆိုပြီ

း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အလှူခံရင်း တိုက်တွန်း ပြောပြထားတာကို တွေ့ရပါတယ်။

အိစိကွေးကို ချစ်တဲ့ ပရိတ်သတ်ကြီး အားလုံးလည်း ဝိုင်းဝန်း ကူညီကြပါအုံးနော်။

ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီး အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *