ရွာလုံးကျွတ်အသုဘပွဲကျင်းပပြီးနောက်ပိုင်း နေထိုင်သူတစ်ယောက်မှမရှိတော့တဲ့ရွာကလေ

ရွာလုံးကျွတ် အသုဘပွဲကျင်းပပြီးနောက်ပိုင်း နေထိုင်သူတစ်ယောက်မှ မရှိတော့တဲ့ရွာကလေး

ပရိသတ်တွေအတွက်ဒီတစ်ခေါက်မှာဆိုရင်တော့ဟောင်ကောင်မြို့အပြင်ဘက်ကရှေးဟောင်းရွာငယ်လေးတစ်ရွာအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ဒီရွာငယ်လေးရဲ့နာမည်ကတော့ So Lo Pun ဖြစ်ပြီး

လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတော့ ( compass is locked) ညွှန်ပြမှု မရှိတဲ့ရွာလို့ နာမည်ပေးထားကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဒီရွာလေးထဲကိုရောက်တာနဲ့ သံလိုက်အိမ်မြှောင်တွေဟာ

ထူးစွန်းစွာနဲ့ အလုပ်မလုပ်ကြတော့တာ ကြောင့်ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအနေနဲ့ကတော့ ဒီရွာလေးကို AD 872 ခုလောက်ထဲက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး 1980 ခုနှစ်လောက်မှာ

လူတွေ တစ်ယောက်မှမနေတော့ပဲ စွန့်ခွာခဲ့ကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဟိုးအရင်က ၎င်း So Lo Pun ရွာက ရွာသားတွေဟာ အခြားရွာက မင်္ဂလာဆောင်တစ်ခုကို

ကူညီဖို့သွားရာကနေ လှေမှောက်ပြီး အကုန်သေဆုံးခဲ့ကြပါတယ်။ဒါ့ကြောင့် ရွာလုံးကျွတ် အသုဘပွဲကျင်းပခဲ့ရသလို တဖြေးဖြေးနဲ့ ခြောက်ခြားစရာကောင်းလှတာကြောင့် 1980 ခုနှစ်လောက်မှာတော့

လူမနေကြတော့ပဲ ခြောက်ကပ်တိတ်ဆိတ်တဲ့ ရွာကလေးဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ဟိုအရင်တုန်းကလည်း ၎င်းရွာကို လာရောက်လည်ပတ်တဲ့ခရီးသွားတစ်ယောက်ဟာရေနစ်သေဆုံးထားတဲ့

လူသေဝိညာဉ်နှင့်ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး နှလုံးသွေး ရပ်တန့် သေဆုံး ခဲ့ဖူးတယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း ခြောက်ခြားမှု အရသာခံစားလိုတဲ့ ခရီးသွားတွေကတော့

အန္ဒရာယ်များပြီး ခြောက်ခြားစရာကောင်းတဲ့ ၎င်းရွာလေးကို သွားရောက် လည်ပါတ်လျက် ရှိနေဆဲပဲ ဖြစ်ပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *