ရောဂါခံစားနေရပေမယ့်လည်း သားသမီးတွေအတွက် ရုန်းကန်နေခဲ့ရတဲ့ မိခင်တစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ရောဂါခံစားနေရပေမယ့်လည်း သားသမီးတွေအတွက် ရုန်းကန်နေခဲ့ရတဲ့ မိခင်တစ်ဦးရဲ့အဖြစ်

ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ မိဘမေတ္တာကို ဖော်ပြရေးသားထားတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ မိခင်တွေက ကမ္ဘာပေါ်မှာ အလုပ်ကြိုးစားကြသူတွေဖြစ်ပြီး သူတို့ သားသမီးများရဲ့အကျိုးအတွက် သူတို့ကောင်းကျိုးတွေကို စွန့်လွှတ်ရုံသာမကပဲ သားသမီးများအတွက် အသက် မွေးဝမ်း ကျောင်းတစ်ခု ဖန်တီးပေးဖို့ အပိုဆောင်းတာဝန်တွေကိုပါ ထမ်းဆောင်ရန်လည်း ဆန္ဒလည်းရှိကြပါတယ်။

မလေးရှား နိုင်ငံရှိ အ သက် (၆၀)နှစ် အရွယ် Kan Siew Hong အမည်ရှိတဲ့ အ မျိုးသမီးတစ်ယောက်ဟာ သူမရဲ့ သားနှစ်ယောက်အတွက် ငွေရှာရန် မနက် (၇) နာရီမှ ညနေ (၄) နာရီထိ သူမရဲ့နေအိမ်မှစွန့်ခွာပြီး ပြန် လည် အသုံးပြုနိုင်တဲ့ပစ္စည်းများကို စု ဆောင်းလာခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကလည်း လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းက ဆုံးပါးသွားခဲ့ပါတယ်။သူမရဲ့ သားငယ်က သူရဲ့ကျောင်းစာကို လေ့လာနေဆဲဖြစ်ပြီး (၂၃) နှစ် အရွယ် သားဖြစ်သူက ပြန်လည် အသုံး ပြုနိုင်တဲ့ ပစ္စည်းများကို စုဆောင်းနိုင်ရန် ပါဝင်ကူညီပေးနေခဲ့ပါတယ်။

Hongဟာ စာသင်ကျောင်း တစ်ကျောင်းရဲ့စားသောက်ဆိုင်မှ ချက်ပြုတ်သူအဖြစ် အလုပ်ပြုတ်သွားခဲ့ပြီးနောက် သူမက ပြန် လည် အသုံးချနိုင်တဲ့ ပစ္စည်းများကို နောက် ဆုံးခိုကိုးရာအဖြစ် စတင် စုဆောင်းခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။

အရင်က ကျွန်မက တစ်လကို ရင်းဂစ် (၁,၅၀၀) (၅) သိန်းနီးပါး ဝင်ငွေရရှိနိုင်ခဲ့ပေမဲ့လည်း အခုတော့ တစ်ရက်ကို ရင်းဂစ် ၃၀ (၁၀,၀၀၀) နီးပါးသာဝင်ငွေရှိပါတော့ပါတယ်။

ပလပ်စတစ် ပုလင်းတွေ သတင်းစာတွေနဲ့ အမှိုက် သရိုက် စွန့်ပစ်ပစ္စည်းတွေက အခုအချိန်မှာ ကျွန်မတို့မိသားစုရဲ့ ဝင်ငွေအ ရင်းအမြစ်ဖြစ်လာခဲ့ပါတယ်လို့ Hong က ပြောပြလာခဲ့ပါတယ်။

သူမရဲ့ အကြီးဆုံးသားကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူ့ရဲ့ ပညာရေးရလဒ်များ မကောင်းခဲ့တာကြောင့် မိခင်ဖြစ်သူကို စတင်ကူညီလာခဲ့ပါတယ်။

Hong တို့မိသားစု သုံးယောက်စလုံးက ဝင်ငွေ အနည်းငယ် သာရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံ အိမ်နီးချင်းတွေထံမှအစား အစာများ ရယူနေခဲ့ရပါတယ်။

Hong က လွန်ခဲ့တဲ့ ငါးနှစ် တာကာလအတွင်း ဆီး ချိုရောဂါကြောင့် ကျန်းမာရေးမကောင်းခဲ့ပေမဲ့လည်း သူမက ကူညီရေးအဖွဲ့အစည်း အမျိုးမျိုးမှ အကူအညီတောင်းခံလာခဲ့ရပါတယ်။ သို့ပေမဲ့လည်း သူမက အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

Hong ရဲ့အိမ်နီးချင်းတွေက ကြင်နာတတ်တဲ့ နှ လုံးသားနဲ့ သူတို့ တတ်နိုင်သလောက် တ ဖက်တလမ်းကနေ အစားအစာတွေ ပေး ကမ်းခဲ့တာကို ကျေးဇူးတင်နေမိပါတယ် ဗျာ။ အဆုံးထိဖတ်ပေးကြတဲ့ စာဖတ် ပရိတ်သတ်တွေအားလည်း ကျေးဇူးအထူးတင်လျက်ပါ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *