ရေမွန်ရဲ့ ရက်လည်နေ့မှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ရင်း ပရိတ်သတ်တွေ မမြင်ဘူးသေးတဲ့ ပုံရိပ်တွေ ထုတ်ပြလာတဲ့ ရေမွန် ညီမလေး

ရေမွန်ရဲ့ ရက်လည်နေ့မှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ရင်း ပရိတ်သတ်တွေ မမြင်ဘူးသေးတဲ့ ပုံရိပ်တွေ ထုတ်ပြလာတဲ့ ရေမွန် ညီမလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မနေ့က ဇွန်လ (၂၉) ရက်နေ့လေးက ရေမွန်ရဲ့ ရက်လည်နေ့ဖြစ်ရာ ပရိတ်သတ်တွေရော ခင်မင်ရတဲ့ အနုပညာရှင်တွေပါ

သူနေခဲ့တဲ့ တိုက်ခန်းလေးကို လာရောက် ခဲ့ကြတာကို တွေ့ရပါတယ်။ တစ်ချို့ ပရိတ်သတ်တွေ ကလည်း ရက် လည်နေ့မှာ ရေမွန်အတွက် ရည်စူးပြီး အလှူ အတန်းတွေ များစွာ ပြုလုပ်ပေးခဲ့ကြပါတယ် ။

ရေမွန့် ညီမလေး လပြည့်ကဗျာကလည်း အစ်ကို ဖြစ်သူရဲ့ ရက်လည်နေ့မှာ ကောင်းမှု ကုသိုလ်များစွာ ပြု လုပ်ပေးရင်း အမှတ်တရ စကားလေးတွေကို ဝမ်း နည်း ကြေကွဲစွာ ရေးသား ဖော်ပြလာပါတယ် ။

ဒါ့အပြင် ပရိတ်သတ်တွေ မမြင်ဘူးခဲ့တဲ့ အစ်ကို ဖြစ်သူရဲ့ အရိုးကို ကောက်ခဲ့စဉ်က ပုံရိပ်တွေကိုလည်း ဝမ်း နည်း ကြေကွဲစွာ ဖော်ပြခဲ့ပါတယ်။

ဘပီ ရက်လည်နေ့မှာ အားလုံး ဝိုင်းဝန်း ကူညီပေးကြလို့အဆင်ပြေပြေနဲ့ ပီးဆုံးခဲ့ပါတယ်။

ဘပီ ရက်လည် အစမှသည် အဆုံး ပါဝင် ကူညီပေးတဲ့ Idiots မိသားစုဝင်များ ကြွရောက်ပေးကြတဲ့ ဧည့် သည်များ အားလုံးနှင့်တကွ နာရေး ကူငွေများ လှု

တန်းပေးကြတဲ့ အနယ်နယ် အရပ်ရပ်က ချစ်ခင်သူ များ အားလုံးကို ရင်ထဲ လှိုက်လှိုက် လဲလဲ ကျေး ဇူးတင်ရှိပါတယ်။

Covid အခြေ အနေအရ အခက်ခဲရှိလို့ လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော်။ ဗြုန်းစားကြီး ဘပီ ခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ် ပုံကျလာတယ်။

သိပ်တော့မလွယ်ကူလှဘူး ဆိုတာသိပေမယ့် ညမလေးတို့ မိသားစု အကောင်းဆုံး ရှင်သန် ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ်။

လူ သေသော်လည်း နာမည်မသေတဲ့ ငါ့အကိုအတွက် သိပ်ဂုဏ်ယူတယ်” ဆိုပြီး ခံစားချက်တွေကို ရေးသား ဝေမျှခဲ့ရာ ပရိတ်သတ်ကြီးအားလုံးအတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *