ရေနုတ်မြောင်းတူးဖော်ရင်း ရှေးခေတ်ရောမဒင်္ဂါးအိုး ( ၁၉ ) လုံးကိုတွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ

ရေနုတ်မြောင်းတူးဖော်ရင်း ရှေးခေတ်ရောမဒင်္ဂါးအိုး ( ၁၉ ) လုံးကိုတွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဥရောပနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်သားများဟာ ဥယျာဉ်တစ်ခုသို့ လျှပ်စစ်ဓာတ်အား ထုတ်လွင့်နိုင်ရန် ရေနုတ်မြောင်းတူးနေစဉ် ဟောင်း နွမ်းနေတဲ့ အိုးဟောင်းများကို တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါအိုးတွေကို Amphoras လို့ ခေါ်ကြပြီး အိုးတွေကို ရောမအင်ပါယာက ဥရောပကို စိုးမိုးခဲ့တဲ့အချိန်တုန်းမှာ ပြုလုပ်ခဲ့ကြတာ လို့သိရှိရပါတယ်။ ဆောက်လုပ်ရေးလုပ်သား များကဆိုပါအိုးဟောင်းများရဲ့ အနီးဝန်းကျင်ရှိအညစ်အကြေးများကိုယ်ရှားပြီးနောက် အိုးထဲမှာ ဒင်္ဂါးပြားများနှင့်ပြည့်နှက်နေတာကို တွေ့ရှိခဲ့ကြပါတယ် ။

ထို့ နောက် တစ်ကယ်လည်း အဲ့ဧရိယာတစ် ဝိုက်မှာ Amphoras (၁၉) ခုထွက် ပေါ်လာခဲ့ပြီး Amphoras အိုးအလုံးတိုင်းမှာ ရောမအင်ပါယာရဲ့ကြေးဝါ ဒင်္ဂါးပြားများနှင့် ပြည့်နှက်နေခဲ့ပါတယ်။

ဒင်္ဂါးပြားများရဲ့ စုစုပေါင်းအလေးချိန်က ပေါင် (၁၃၀၀) ခန့်ရှိပြီး ၎င်းဒင်္ဂါးပြားတွေက အေဒီ (၃) သို့မဟုတ် အေဒီ (၄) ရာစုခန့်က ဒင်္ဂါးများဖြစ်တယ် လို့သိရှိရပါတယ်။

အံ့ဩစရာကောင်းတာက အဆိုပါင်္ဒဂါးပြားများကို ရောမခေတ်က အမှန်တကယ် အသုံးပြုခဲ့ခြင်း မရှိခဲ့ဘူးလို့ သုတေသီများက ဆိုထားပါတယ်။

အဆိုပါ Amphoras အိုးများကို ဝိုင် သံလွင်ဆီနှင့်အခြားအစားအစာများ သို လှောင်သိမ်းဆည်းဖို့သာ အသုံးပြုတာပါ။

အဆိုပါ ဒင်္ဂါးပြားတွေထဲမှာ Maximian နဲ့ Constantine တို့ပါဝင်ပြီး ယနေ့ခေတ်ကာလအရ အနည်းဆုံးယူရို သန်းပေါင်းများစွာ တန်ပါတယ်။

သုတေသီများက ၎င်း အကြွေစေ့တွေကို အသေအချာ စစ်ဆေးပြီးတာနှင့် လူတိုင်း ကြည့်ရှုနိုင်အောင် Seville ရှေးဟောင်း သုတေသနပြတိုက်သို့ ပို့ဆောင်ထားရှိမယ်လို့ ဆိုထားပါသေးတယ်။

သုတေသီများက အခုလိုစုဆောင်းမှုမျိုးကို တစ်ခါမှမတွေ့ဖူး ခဲ့တာကြောင့် အဆိုပါ ဒင်္ဂါးပြားတွေဆီကနေ သူတို့ရရှိနိုင်မယ့် ဗဟုသုတတွေကိုသိဖို့ အရမ်းစိတ်လှုပ်ရှား နေကြရပါတယ် ။

ဒီ Amphoras အိုးဟောင်းထဲက ဒင်္ဂါးပြားတွေကို နှစ်ပေါင်းရာချီ မြေအောက်မှာ မပျက်မစီးဘဲ မြုပ်နှံထားနိုင်ခဲ့တာကိုက အတော်လေး အံ့ဩစရာ ကောင်းလှနေပါတယ်။

ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်များလဲ ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကျပါစေ လို့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *