ရုပ် အရမ်း ချောနေလို့ဆိုပြီး သမီးဖြစ်သူနှင့် မပေးစားနိုင်ကြောင်း ကြေညာခဲ့တဲ့ ဖခင် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ရုပ် အရမ်း ချောနေလို့ဆိုပြီး သမီးဖြစ်သူနှင့် မပေးစားနိုင်ကြောင်း ကြေညာခဲ့တဲ့ ဖခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ထိုင်းနိုင်ငံမှ Anont Rotthong အမည်ရှိတဲ့ ဒူးရင်းသီး ကုန်သည်တြစ်ဦးက အသက် ၂၆ နှစ် အရွယ် သမီးဖြစ်သူနဲ့ ခင်ပွန်းလောင်း ရွေးပြိုင်ပွဲအား ကြော်ငြာလာခဲ့ပါတယ်။

ကောင်လေးများ အနေနှင့် ဒူးရင်းသီးနှင့် ပက်သက်တာ မှန်သမျှ နှံ့နှံ့စပ်စပ် သိရမှာဖြစ်ပြီး ဝယ်လိုအား ရောင်းလိုအားကိုလည်း သိကျွမ်းနေရမည် ဖြစ်ပြီး မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါတယ်။

ထိုသို့ ကျွမ်းကျင်သူများအား တက္ကသိုလ်ကို ဂုဏ်ထူးတွေနှင့် အောင်ခဲ့တဲ့ ဘွဲ့ရသမီး ချောချောလေးနှင့် လက်ထပ် ယူနိုင်မည် ဖြစ်ပါတယ်။

သမီးလေးနှင့် လက်ထပ်မည့် သူအား ငွေကြေး တစ် ပြားတစ်ချပ်မှ ကုန်မည် မဟုတ်ပဲ ဘတ် ၁၀ သန်း ကား ၁၀ စီး တိုက်အိမ် တစ်လုံး ဒူးရင်းသီး အရောင်းဆိုင် နှစ်ခုကို ပေးအပ်မည်ဖြစ်ပါတယ်။

လျှောက်ထားသူများကြားထဲမှ Kongsai အမည်ရှိတဲ့ အသက်၂၈ နှစ် အရွယ် ကောင်လေးက သူတို့ မိသားစုမှာ ဒူးရင်းသီး အပင်ပေါင်း ၃၀၀ ကျော် စိုက်ပျိုးထားပြီး နေပူမရှောင် မိုးရွာ မရှောင် အလုပ်ကြမ်းများ လုပ်နိုင်ကာ ၁၀ ဘီးထရပ်ကားနှင့် ထွန်စက်တို့ကိုလည်း မောင်းတတ်တယ် ဆိုပြီး လျှောက်ခဲ့ပါတယ်။

ထိုစဉ် ဖခင်ဖြစ်သူမှ ကောင်လေးရဲ့ အရည်အချင်းမှာ ပြည့်မှီသော်လည်း ရုပ်ရည်မှာ ချောမောနေတာကြောင့် တစ်ချိန် ချိန်မှာ သမီးလေးကို ထားခဲ့မည်ဆိုပြီး တွေးမိပြီး ပေးစားမည့် အစီအစဉ်အား ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published.