ရုပ်ရှင် အစည်းအရုံးက နှုတ်ထွက်သူတွေရဲ့ စာရင်းကို ထိမ်ချန်ထားတဲ့ အပေါ် ဖွင့်ချလိုက်တဲ့ သရုပ်ဆောင် ဆင်မ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ရုပ်ရှင် အစည်းအရုံးက နှုတ်ထွက်သူတွေရဲ့ စာရင်းကို ထိမ်ချန်ထားတဲ့ အပေါ် ဖွင့်ချလိုက်တဲ့ သရုပ် ဆောင် ဆင်မ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုပ်ရှင် သရုပ်ဆောင် ခန့်စည်သူကို ရုပ်ရှင် အစည်း အ ရုံး ရဲ့ ဥက္ကဋ္ဌ ရာထူး ပေးအပ်ပြီးတဲ့ နောက်မှာ ပရိတ်သတ်တွေ ရဲ့ဝေဖန်မှု့ တွေဟာ မြင့်တက် လာခဲ့ပြီး အနု ပညာရှင် အချို့လည်း ရုပ်ရှင် အစည်းအရုံးက နေ နှုတ်ထွက်လာကြတာ တွေ့ရပါတယ်။

မင်းသား မင်းသမီး ဒါရိုက်တာတွေ နဲ့ ဇာတ်ပို့ ဇာတ်ရံ တွေအပါအဝင် စက်အဖွဲ့တွေ အထိ ရုပ်ရှင် အစည်း အရုံး ကနေ နှုတ်ထွက် ကြောင်း တင်လာကြတာ တွေ့ရပါတယ်။

ခန့်စည်သူ ကိုယ်တိုင်လည်း အစည်းအရုံး ဥက္ကဌအ ဖြစ် မလုပ်လိုကြောင်း ငြင်းပယ်ခဲ့ပြီး အနုပညာ အသိုင်း အဝန်းကြားမှာ အတော်လေး ဂယက် ရိုက်သွားခဲ့ တာဖြစ်ပါတယ်။

ရုပ်ရှင် အစည်းအရုံး ဘက်ကနေ လည်း နှုတ်ထွက်သူ စာရင်းကို စာရင်း ထုတ်ပြန် ထားတာ တွေ့ရကာ ဒီဖြစ်ရပ် နဲ့ ပက်သက်ပြီးလည်း ဇာတ်ပို့ သရုပ်ဆောင်ဆင်မက သူ့ရဲ့ Facebook စာမျက်နှာမှာ “မိမိ သ ဘော အရ ကုတ်ကပ် ဆက်နေကြသူများ ဒီစာရင်းတွင် (လုံးဝ) မပါရှိပါစာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိ နေပါသေးတယ်။

(အဝင်စာရင်းသာ ဘုံးဘောလ အော လက်ခံသာ / အ ထွက်စာရင်းကြ ဟိုကျန်ဒီကျန်နော် စာရင်းကိုင်ကြီးတို့ရေ) ” ဆိုပြီး ပွင့်ပွင့် လင်းလင်း ရေးသားထား တာဖြစ်ပါတယ်။

ဆင်မက အနုပညာ လောကမှာ ဝါရင့် သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပြီး ပရိသတ် တွေကို ရသ မျိုးစုံ ပေးနိုင်တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့အပြင် သူ့ရဲ့ ရပ်တည်ချက် နဲ့ ထင်မြင်ချက် တွေကိုလည်း ပွင့်ပွင့် လင်းလင်း ပြောလေ့ ရှိတဲ့ သူပါ။

ဆင်မ ရဲ့ အခုလို ရေးသား ဖွင့်ချလာတဲ့ အပေါ် မှာလည်း ပရိသတ်တွေက ထင်မြင်ချက် အမျိုးမျိုး ပေးကြတာ လည်းတွေ့ရပါတယ်။

ပရိတသတ်တွေ အ တွက် ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *