ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ် ကိစ္စအပေါ် စိတ်မကောင်းစွာ ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေရဲ့ စကားတခွန်း

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ် ကိစ္စအပေါ် စိတ်မကောင်းစွာ ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေရဲ့ စကားတခွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မတရားမှုကိုလက်မခံတဲ့ တော်လှန်ရေး အရေးတော်ပုံကြီး အတွက်

ပြည်သူတွေ နဲ့ အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှု နဲ့ ချမ်းသာကြွယ်ဝမှု တွေကိုစွန့် လွှတ်ပြီး တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။

အခက် အခဲတွေ အမျိုးမျိုးကြားက မိသားစုလိုက်လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သူတွေရှိ

သလို နှောင်ကြိုးတွေကို နောက်ဆံ တင်းစွာထားခဲ့ပြီး အများ အကျိုးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်း ရှိနေကြပါတယ်။

ချီးကျူး စရာကောင်း လောက်အောင် ကျရာ တာဝန်ကို ထမ်းကာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေလည်း အပါ အဝင်ပါပဲ။

ဇာတ်ကား ကောင်းတွေ တော်တော် များများ ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေက ဖေဖော်ဝါရီလ

အစပိုင်းကတည်းက တော်လှန်ရေး အရေးတော်ပုံကြီးမှာ အားကြိုး မာန်တက် ပါဝင်နေသူ တယောက်ပဲဖြစ်ပါတယ်။

အမှန်တရား ဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ကို ရဲဝင့်စွာဆန့်ကျင် ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က ဖြင့်

အမှုဖွင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲမှာဒါရိုက်တာ သည်ခေတ်နေကလည်း အပါအဝင်ပါပဲ ဖြစ်ပါတယ်။

ရှောင်တိမ်း နေရပေမယ့်လည်း လတ်တလော အခြေ အနေတွေနဲ့ ပတ်သက်ပြီး အမှန်တရားတွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့် အမြဲမျှဝေ ပေးလေ့ရှိပါတယ်။

အခုလည်း ရုပ်ရှင်ရုံတွေကို COVID စည်းကမ်းချက်နဲ့ အညီ ပြန်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ စစ်ကောင်စီ ခန့်အပ်ဝန်ကြီးက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ့် ကိစ္စနဲ့  ပတ်သက်ပြီး သည်ခေတ်နေက ရုပ်ရှင်နဲ့ အဝေးကြီး

ရောက်သွားသူတွေ အတွက် အဝေးကနေ လွမ်းနေရုံပဲ ဆိုပြီး စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

သူ ခံစားချက်လေးကို မနေ့က လူမှုကွန်ယက်ပေါ်မှာ ရေးသား ခဲ့စာလေးကို ပရိတ်သတ်တွေ အတွက်ပြန် လည် မျှဝေပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *