ရုပ်ရည်မမျှပေမယ့်လည်း ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ဖော်ပြခြင်းခံခဲ့ရတဲ့ ချစ်သူစုံတွဲနှစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ရုပ်ရည်မမျှပေမယ့်လည်း ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ဖော်ပြခြင်းခံခဲ့ရတဲ့ ချစ်သူစုံတွဲနှစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အချစ်ဆိုတာ မျက်စိမရှိပါဘူး။ ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာခဲ့တာပါ။

အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့ သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ ပြစ် ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုပါတယ်။ ၎င်း အချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ခ်ျ နတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။

Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားက ဓာတ်ပုံထဲမှာ မြင်ရတဲ့ အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။

ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ခဲ့ပါဘူး။ သို့ပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ ပြောရမှာပဲ။

Roger က ရေလွှာလှိုင်းစီးနည်းပြတစ်ယောက် ဖြစ်ပြီး လူမှုရေးမှာ အလွန်ဖော်ရွေတယ်လို့ ပြောပြလာခဲ့ပါတယ်။ ဒီမှာတင် ဟော်လန် နိုင်ငံသူ Lisa Verweij နဲ့ ဖိလစ်ပိုင်မှာ စတင်စုံတွေ့လာခဲ့ပါတယ်။

စတင်စုံစည်းကာစက သူမရဲ့ အတွေးထဲမှာ Roger က ရုပ်ဆိုးဆိုး အမျိုးသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ဖော်ရွေမှုကြောင့် ရင်းနီးလာခဲ့ကြပါတယ်။

မကြာမီကာလမှ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ ရှိလာခဲ့ပြီး Roger ကလည်း သူတတ်ကျွမ်းတဲ့ ရေလွှာလှိုင်းစီးနည်းကို သင်ပေးဖို့ အခွင့် အခါ စောင့်လာခဲ့ပါတယ်။

ဒါပေမယ့် Lisa က သူ့ရဲ့ မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့လို့ မနီလာကို ပြန်သွားတာလား ဒါမှမဟုတ် ဇာတိမြေကိုပဲ အပြီးပြန်သွားတာလား ဆိုပြီး လွမ်းကျန်ခဲ့ရပါသေးတယ်။

နောက်မှ Lisa ကို သူ့သူငယ် ချင်းတွေနဲ့ ပြန်တွေ့ချိန်မှာ Roger တစ်ယောက် အားတင်းပြီး မိတ်ဆက် စကားဆိုခဲ့ရာကနေတဆင့် မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နှစ်ယောက်သားမှာ ဘာခြားနားချက်မှ မရှိတော့ဘဲ ရုပ်ရည်တွေ အ သားရေတွေကို မမြင်တော့ပဲ ချစ်သူတွေဘဝကို ရောက်လာခဲ့ပါတယ်။

သူတို့တစ် တွေက ရုပ်ရည်မမျှပေမယ့်ဘည်း ချစ်ရည်တွေ တူမျှခဲ့လို့ အများရဲ့ အားကျရတဲ့ စုံတွဲတစ်တွဲ ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်အ ကြောင်းကို ပြည်တွင်း ရုပ်သံ တစ်ခုကနေ ထုတ်လွှင့်ရသည်အထိ နာမည် ကြီးလာခဲ့ပါတယ်။

သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ မှတ်တမ်း ဗွီဒီယိုဖိုင်ကိုလည်း ဖော်ပြလာခဲ့ပါသေးတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့နှစ်ယောက် အပေါ်ထင်မြင်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *