ရုပ်ပိုင်းဆိုင်ရာကျဆင်းသွားပေမဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကျဆင်းသွားမှာ မဟုတ်ကြောင်း အသိပေးလာခဲ့တဲ့ မြနှင်းရည်လွင်

ရုပ်ပိုင်းဆိုင်ရာ ကျဆင်းသွားပေမဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကျဆင်းသွားမှာ မဟုတ်ကြောင်း အသိပေးလာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်ကနေ ရဲရဲ ဝံ့ဝံ့ရပ်တည်ကြ သူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင် တစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

သူမက နွေဦးတော်လှန်ရေး အစပိုင်းတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင် လူတစ်စုမှ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွံဆို အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်နေပြီး တော်လှန်ရေး တိုက်ပွဲများ အတွက် ကျရာအခန်းကဏ္ဍ ကနေ ပါဝင် ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထား တာ ဖြစ်ပါတယ်။

ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့သူမရဲ့ ပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က ပြည်သူ့အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင် မှုကြီးကြပ်ရေး ဝန်ကြီးဌာန Facebook Page တွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့ အခါ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင် အမာရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များ အားလုံးဟာ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။

အရေးတော်ပုံ အောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့ အတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင် ကထက်ပိုပြီး ချစ်ခင်အားပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *