ရုတ်တရက် ဆေးရုံ တင်လိုက်ရတဲ့ ဖခင်ကြောင့် စိတ်သောက ရောက်ခဲ့ရတယ်လို့ ပြောလာခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်

ရုတ်တရက် ဆေးရုံ တင်လိုက်ရတဲ့ ဖခင်ကြောင့် စိတ်သောက ရောက်ခဲ့ရတယ်လို့ ပြောလာခဲ့တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှု အခိုင် အမာရရှိထားတဲ့

အကယ်ဒမီ မင်းသမီး ချောလေး ဝတ်မှုန်ရွှေရည်က ကိုဗစ် ကာလမှာ အနုပညာ အလုပ်တွေကို ရပ်နားကာ

မိသားစုနဲ့အတူ အိမ်မှာဘဲ ပျော်ပျော် ရွှင်ရွှင် နေထိုင်လျက် ရှိပါတယ်။

သို့ပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းမှာတော့ လိုင်းပေါ်က တပတ်လောက် ပျောက်သွားတာတော့ ပရိတ်သတ်ကြီးလည်း သတိ ထားမိမယ် ထင်ပါတယ်။

အဲဒါကတော့ ဝတ်မှုန်ရွှေရည်ရဲ့ ဖခင် ကျန်းမာရေး မကောင်းလို့ တပတ်လောက် ပါရမီ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာကြောင့်ပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကို အနီးကပ် စောင့်ကြည့်ရင်း စိတ်ပူခဲ့ရတာတွေကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ live လွှင့်ပြီး ပရိတ်သတ်တွေကို ပြောပြလာခဲ့ပါတယ်။

တကယ်တော့ ဝတ်မှုန်ရွှေရည်ရဲ့ ဖခင်က ဝမ်းလျောလို့ ဆေးရုံတင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်က အခုလို ကိုဗစ်ကာလမှာ ကိုယ်ဖြစ်မှာကိုမကြောက်ဘူး ကိုယ့်ရဲ့မိဘတွေကိုယ်ရဲ့ မိသားစု ဝင်တွေဖြစ်မှာကိုပဲ အရမ်းကြောက်တယ်လို့ သူမရဲ့ ဖေ့ဘုတ်မှာ live လွှင့်ပြီး ပြောပြလာခဲ့ပါတယ်။

အခုချိန်မှာတော့ ကစ်ရဲ့ ဖခင်က ပြန်လည် ကျန်းမာလာပြီ ဘဲဖြစ်ပါတယ်။

ကစ်ကို စိတ်ပူပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးလည်း တင်တယ် ချစ်လည်း ချစ်ပါတယ်လို့ သူမရဲ့ live ကတဆင့် ပြောလာခဲ့ပါတယ်။

ကစ်ကို ချစ်ကြတဲ့ ပရိတ်သတ်ကြီး အားလုံးလည်း အရင်ကထက် ပိုပြီးချစ်ခင် အားပေးကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *