ရန်ကုန်တွင် ကျန်းမာရေးဝန်ထမ်း (၂၅၀၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန်တွင် ကျန်းမာရေးဝန်ထမ်း (၂၅၀၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ကဲ ပရိတ်သတ်ကြီးရေ ရန်ကုန်မြို့ရှိ ဆေးရုံ ၊ ဆဆးခန်းများနှင့် ကိုဗစ်ကာကွယ်ရေး စင်တာများတွင်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း (၂၅၀၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံလျက် ရှိသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသူနာပြုသင်တန်းကျောင်းခန်းမတွင် ယနေ့ (ဇန်နဝါရီ ၂၇) နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီးအ တွင်းရှိကျန်းမာရေးဝန် ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စ တင်ထိုးနှံခြင်း အခမ်း အနားတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာ “ဒီနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ထိုးနှံရမှုကတော့ ၂၅၄၅၉ ဦး ထိုးနှံဖို့ စာရင်းသွင်းပါတယ်။

ဒီဆေးရုံ တရုံထဲ မဟုတ်ပါဘူး ။ အခြားစင်တာတွေမှာလည်း ခွဲပြီးတော့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ကိုဗစ်ကာကွယ်ကုသရေးတွင် ရှေ့တန်းမှ ပါဝင်သည့်ဆရာဝန်၊ သူနာပြု ဆရာမများအနေဖြင့် ကာကွယ်ဆေး ထိုးနှံလိုက်သည့်အတွက် စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိလာမည်ဟု ယုံကြည်ကြောင်း ကာကွယ် ဆေးထိုးနှံခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ၏ အောင်မြင်မှုတခုဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံးစတင်၍ ထိုးနှံသူမှာ အသက် ၅၀ ကျော်အရွယ် သူ နာပြုအုပ်ကြီး ဆရာမကြီး ဒေါ်သက်သက်သိန်းဖြစ်ပြီး ဒုတိယထိုးနှံသူမှာ ရောဂါဗေဒ အထူးကု ဆရာဝန်ကြီးပါမောက္ခဒေါက်တာ ဖေသက်ခင်ဖြစ်ကြောင်း၊ ဆေးထိုးနှံသူများကို နာရီဝက်အကြာစောင့်ကြည့်ပြီး အဆင်ပြေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ကပြောသည်။ source ; News Watch

Tags:

Add a Comment

Your email address will not be published. Required fields are marked *