ရတနာကိုးသွယ် ကျွန်းအခေါင်းကို မမြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ်ဖို့ လှူဒါန်းပေးခဲ့တဲ့ ဦးကျော်သူ

ရတနာကိုးသွယ် ကျွန်းအခေါင်းကို မမြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ်ဖို့ လှူဒါန်းပေးခဲ့တဲ့ ဦးကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌကြီး ဦးကျော်သူ အပါအဝင် တခြားသောအဖွဲ့ဝင် တွေက မနေ့က သေဆုံးသွားခဲ့တဲ့ မြသွဲ့သွဲ့ခိုင်အတွက် ရတ နာကိုးသွယ် ကျွန်းအခေါင်းကို ဂုဏ်ပြုသဂြိုလ်ဖို့ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ကတော့ ၂၀၂၁ ခုနှစ် ၊ ဖေ ဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာ ကွယ် လွန်သွားခဲ့တာ ပဲဖြစ်ပါတယ် ။

အာဇာနည်သမီးငယ် မြသွဲ့သွဲ့ ခိုင်ကို ဦးညွှတ် အလေးပြုပါတဲ့ အကြောင်းကိုလည်း ဦးကျော်သူက ဆိုထားတဲ့အပြင် “ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက်ကျွန်တော်၏ အနုပညာအကြံပေး မိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြား သင်္ဘောသား၊ စာရေးဆရာ၊ အနု ပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ

ကိုယ်တိုင်ဖန်တီးကာ (၉) ရက် တိတိကိုမောင်မောင် သိန်းလှိုင်၊ ကိုလင်းစိန်(ချက်ကလေး) နှင့် ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ် ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှု ပြုရန်အတွက် ယနေ့နံနက်တွင်

နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊ အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှု အသင်းသားများ၊ပရဟိတဝန်ထမ်းများမှ မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက်လှူဒါန်း ပို့ဆောင်ခဲ့ပါသည်” လို့ ဦးကျော်သူက အသိပေး ရေးသားထားတာဖြစ်ပါတယ်။

မမြသွဲ့သွဲ့ ခိုင်၏ နောက်ဆုံးဈာပန အခန်းအနားကိုတော့ ဒီကနေ့ ဖေဖော် ဝါရီလ ၂၁ ရက်နေ့ မှာနေ ပြည်တော်ရှိ ကွေ့ကြီးသုသာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ crd ; Mi Su Mon

Add a Comment

Your email address will not be published. Required fields are marked *