ရည်းစားဟောင်းနဲ့ တစ်ညတည်းအစွမ်းနဲ့ သုံးမွှာပူး ကိုယ်ဝန်ရလာခဲ့တဲ့ အမျိုးသမီးတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ရည်းစားဟောင်းနဲ့ တစ်ညတည်းအစွမ်းနဲ့ သုံးမွှာပူး ကိုယ်ဝန်ရလာခဲ့တဲ့ အမျိုးသမီးတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တခုဆိုလည်း မမှားပါဘူး။ နှစ်မွှာပူးလေး ကိုယ်ဝန်လွယ်ဖို့ ကိစ္စတောင်မှပဲ တော်တော်ခဲယဉ်းလှပါတယ်။

ဒါပေမယ့် Wellingborough မှအမျိုးသမီးတစ်ယောက်က တစ်ညတည်းအစွမ်းနဲ့ သုံးမွှာပူးတောင် တန်းကိုယ်ဝန် ရသွားခဲ့ပါတယ်။

ဒီထက် ထူးဆန်းတာက သုံးမွှာပူးစလုံးကလည်း ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ တစ်ညတာပဲ အိပ်ပြီးရခဲ့တာဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

၎င်း သုံးမွှာပူးမွေးခဲ့တဲ့ အမျိုးသမီးရဲ့ နာမည်က Charliann Broadhurst လို့အမည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ရည်း စားဟောင်း နာမည်က Ryan Hill ပဲဖြစ်ပါတယ်။

သို့ပေမယ့် Charliann နဲ့ ရည်းစားဟောင်းဖြစ်သူ Ryan တို့က အတူနေပြီး သမီးလေး သုံးယောက် မွေးပြီးမှ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ လမ်းခွဲသွားခဲ့ပါတယ်။ လမ်းခွဲခဲ့တာကလည်း ပြတ်ပြတ်သားစားပဲ လုံးဝ ပြန်လက်တွဲမှာမဟုတ်ပဲ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဘယ်သူမှတော့ မယုံနိုင်ပါဘူး။ ကျွန်မအခုလို Ryan နဲ့ တစ်ညလေးပဲ အတူရှိနေခဲ့ပြီး ဒီလိုကလေး သုံးမွှာပူး ထပ်မွေးတယ်ဆိုတာက ကျွန်မတို့ နှစ်ယောက်ကြားက ကိစ္စကို ကျွန်မတို့ပဲ နားလည်ပါတယ်။

Ryan ကကျွန်မရဲ့ ငယ်ချစ်ဦးပါ။ ကျွန်မတို့ (၁၅) နှစ်ကတည်း က ချစ်ခဲ့ကြတာပါ။ ဒါပေမယ့် သဘောထားချင်း မတိုက်ဆိုင်တဲ့အချိန်မှာကျွန်မတို့လမ်းခွဲခဲ့ကြတာပါလို့ Charliann က ပြောပြလာခဲ့ပါတယ်။

မွေးတဲ့ ကလေးသုံးမွှာပူးမှာ ယောကျ်ားလေးနှစ်ယောက် မိန်းကလေးတစ်ယောက်ပါ။ သမီးလေးနာမည်က Ryana ဖြစ်ပြီး ကိုယ်အလေးချိန်က (၄) ပေါင်နဲ့ (၄) အောင်စ သားနှစ်ယောက်စလုံးက (၃) ပေါင်နဲ့ (၈) အောင်စဖြစ်ပြီး တကယ်ကို ရုပ်ချင်းက ချွပ်စွပ်တူခဲ့ပါတယ်။ ကလေးတွေ အကုန်လုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာပါပဲလို့ Charliann က ထပ်မံပြောလာခဲ့ပါတယ်။

Charliann နဲ့ Ryana တို့က နောက်ထပ်မွေးလာခဲ့တဲ့ အမွှာလေး (၃) ယောက်ကြောင့် နှစ်ယောက်သား အတူတူပြန်လက်တွဲနေပါပြီ။

နှစ်ဦးသား လက်မထပ် ရသေးပေမယ့်လို့ သားသမီး (၆) ယောက်နဲ့ အတူတူ သာယာ ပျော်ရွှင်တဲ့မိသားစုဘဝလေး ပိုင်ဆိုင်နေပါတော့တယ်။

ပရိတ်သတ်တွေလည်း ထင် မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ စာဖတ်ပရိတ် သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *