ရည်းစားရဖို့အတွက် အိမ်ရှေ့မှာ ဆိုင်းဘုတ်တပ်ကြော်ငြာခဲ့တဲ့ (၆၅) နှစ်အရွယ် အဖွားအိုတစ်ဦး

ရည်းစားရဖို့အတွက် အိမ်ရှေ့မှာ ဆိုင်းဘုတ်တပ်ကြော်ငြာခဲ့တဲ့ (၆၅) နှစ်အရွယ် အဖွားအိုတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းကတော့ ထိုင်းနိုင်ငံ (Ubon Ratchathani) ပြည်နယ်ရှိ အသက် (၆၅) နှစ် အရွယ် အမျိုးသမီးတစ်ဦးက သူမရဲ့ကျန်ရှိနေတဲ့ဘဝနဲ့ အတူတူဖြတ်သန်းပေးနိုင်မယ့် အမျိုးသား တစ်ဦးရှာဖွေနေကြောင်းကို ကြော်ငြာထားခဲ့ပြီးနောက် သူမရဲ့ သတင်းက လူသိများ ကျော်ကြား လာခဲ့ပါတယ်။

Sompong Chomphupraphet အမည်ရှိတဲ့ ၎င်း အမျိုးသမီးနဲ့ တွဲရိုက်ထားတဲ့ အမျိုး သားတစ်ဦးရဲ့ဓာတ်ပုံ အင်တာနက်ပေါ်တက်လာတာကြောင့် လူအများက အတော်လေး အံ့ဩလာခဲ့ကြပါတယ်။

လူအချို့က သူမရဲ့ ဘဝအတွက် ရည်းစား အသစ်ရှာတွေ့ သွားပြီလို့ထင်နေကြပေမဲ့လည်း တစ်ကယ်တော့ ၎င်း အမျိုးသားက သူမနဲ့ဓာတ်ပုံ အရမ်းတွဲရိုက်ချင်နေခဲ့တဲ့ သူမရဲ့ပရိတ်သတ်ကြီးဖြစ်လာခဲ့ပါတယ်။

သူမက အသက် (၆၀) (၇၀) အရွယ် ဖော်ရွေသ ဘောကောင်းတဲ့ ရည်းစားတစ်ယောက်အလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကို သူမရဲ့ အိမ်ရှေ့သံပန်းတံခါးမှာ တပ်ဆင်ကြေငြာလာခဲ့ပါတယ်။

သူမ လက်ထပ်ခဲ့ပေမယ့် အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုဖြတ်သန်းခဲ့ရပြီးနောက် တစ်ကိုယ်တည်း အထီးကျန်လာတာကြောင့် အခုလို ကြေငြာရခြင်းဖြစ်ပါတယ်။

Sompong က တစ်ချိန်က လေတပ်အရာရှိနဲ့လက်ထပ်ခဲ့ပြီး ကလေး နှစ်ယောက်ရခဲ့ပေမဲ့ ခင်ပွန်းရဲ့အရက်အလွန် အကြူးသောက်တတ်တဲ့ ပြသာနာကြောင့် နောက်ဆုံး သူတို့ရဲ့ ဆက်ဆံရေးပြတ်တောက်သွားခဲ့ကြောင်း AsiaOne က ဖော်ပြလာခဲ့ပါတယ်။

ကွာရှင်းပြတ်စဲ သွားပြီးနောက်မှာတော့ သူမက ဂျာ မနီနိုင်ငံသား တစ်ဦးနဲ့ထပ်တွေ့ခဲ့ပြီး ချစ် ကြိုက်သွားခဲ့ကြပါတယ်။ အဲ့တာနဲ့ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး သူမဟာ ဂျာမနီနိုင်ငံသို့ လိုက်သွားခဲ့ကာ (၁၃) နှစ်အကြာနေထိုင်လာခဲ့ပါတယ်။

သို့ပေမဲ့ Sompongက သူမရဲ့ ဒုတိယမြောက် အမျိုးသားကိုလည်း ကွာရှင်းခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။ Sompong က အခုအချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်နေပြီး သူမရဲ့ နောက်ဆုံး ထွက်သက်အထိ အတူတူရှိပေးနေမယ့် လူကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။

တစ်ကိုယ်တည်းသမားလေးတွေလည်း ဒီအဖွားရဲ့နည်းလမ်းလို လိုက်လုပ်ကြည့်ကြပါ။ ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အဖွားအပေါ်မှတ်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *