ရည်းစားနဲ့ ဝေးနေရတဲ့အဖြစ်က အထီးကျန်စေတယ်ဆိုတဲ့ (၈၁) နှစ်အရွယ် အဘွားအို (အချစ်မှာမျက်စိမပါဘူးဆိုတာ အမှန်တကယ်ပါလား)

ရည်းစားနဲ့ ဝေးနေရတဲ့အဖြစ်က အထီးကျန်စေတယ်ဆိုတဲ့ (၈၁) နှစ်အရွယ် အဘွားအို (အချစ်မှာမျက်စိမပါဘူးဆိုတာ အမှန်တကယ်ပါလား)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အချစ်မှာ မျက်စိမရှိဘူးဆိုတာ အမှန်တကယ်ပါဘဲ။ အခု ဖော်ပြပေးမှာက အွန်လှိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အသက် (၈၁) နှစ် အရွယ် အမျိုးသမီးတစ်ယောက်နဲ့ (၃၆) နှစ်အရွယ် ကောင်လေးတို့ ချစ်သူစုံတွဲအကြောင်းလေးဘဲဖြစ်ပါတယ်။

အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Iris Jonesက သူမ အသက်ထက် (၄၅) နှစ်လောက်ငယ်တဲ့ (၃၆) နှစ်အရွယ် Ibrihamနဲ့ ချစ်သူတွေဖြစ်နေကြပြီး တစ်ယောက် တစ်နေရာစီ ကွဲကွာနေရပါတယ်။

Daily star သတင်းအရ Irisက သူမ အသက် တစ်ဝက်‌လောက် ငယ်တဲ့ သူတွေနဲ့ ချစ် ကြိုက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့လည်း ကျွန်မလို အရွယ်မျိုးကို ဘယ်သူက ချစ်ကြိုက်ချင်မာလဲလို့ Irisက ပြောခဲ့ပါ‌သေးတယ်။

Iris က UK မှာနေ တာ‌‌ကြောင့် ခုလို ကိုဗစ်ကာလမှာ Egypt မှာရှိတဲ့ သူမရဲ့ ရည်းစားနဲ့ဝေးကွာ နေရပါတယ်။

Irisက Ibrihamနဲ့ အလှမ်းဝေးပြီး နေနေရတာကြောင့် သူမအတွက် အထီးကျန်‌စေတယ်လို့ ပြောပြလာခဲ့ပါတယ်။ သူတို့တွေ online ပေါ်မှာ နေ့တိုင်းအဆက်အသွယ် လေးလုပ်ဖြစ်တယ် လို့သူမထပ်ပြောခဲ့ပါသေးတယ်။ ဒါ ပေမဲ့လည်း Iris က Egypt ကို သုံးကြိမ်တိ တိတောင် သွားလည်ဖူးပေမဲ့လည်း သူမရဲ့ ချစ် သူမပါဘဲပြန်လာခဲ့ရပါတယ်။

Egypt နိုင်ငံက အရမ်းပူပြီး ညစ်ပတ်တယ်။ ပစ္စည်းတွေကလည်း ဈေးကြီးတယ် ပြီးတော့ကျွန်မ ရဲ့ကျန်းမာရေးအတွက် ထိခိုက်နိုင်တဲ့ အ လားအလာရှိတယ် Egypt နိုင်ငံကိုရောက်ကတည်းက အဆင်မပြေခဲ့ဘူးလို့ Iris က ပြောပြခဲ့ပါတယ်။

အစမှာ Iris က Ibriham နဲ့တွဲနေတဲ့အ ကြောင်းကို သားတွေဆီ ဝန်ခံဖို့ ကြောက်နေခဲ့ပါတယ်။‌ နောက်တော့ သူမရဲ့သားတွေဖြစ်ကြတဲ့ အသက် (၅၄) နှစ်အရွယ် Stephen နဲ့ (၅၃)နှစ်အရွယ် Darren တို့ကသူမနဲ့ Ibriham ရဲ့ Relationship ကိုသိပြီး သဘောမတူခဲ့ကြပါဘူး။

Irisက Relationship တစ်ခု ပြုလုပ်ရတာက အပျိုစင်ဘဝကို ပြန်ခံစားရတယ်။ သားတွေ လက်ခံလာနိုင်တဲ့ အချိန်ကျရင် အတူတူနေဖိုရှိတယ်လို့ Iris ကပြောထားပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူတို့နှစ်ယောက်အပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *