ရည်စား ထားရတာတောင် မလွတ်လပ်တဲ့ မြန်မာနိုင်ငံ အကြောင်း ထိထိမိမိ ရေးလာခဲ့တဲ့ မြတ်သူသူ

ရည်စား ထားရတာတောင် မလွတ်လပ်တဲ့ မြန်မာနိုင်ငံ အကြောင်း ထိထိမိမိ ရေးလာခဲ့တဲ့ မြတ်သူသူ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အဆိုတော် တစ်ယောက် လည်းဖြစ်တဲ့ မြတ်သူသူက သူမရဲ့ ကြိုးစား အားထုတ်မှုနဲ့ မလျော့သော ဇွဲလုံ့လတို့ကြောင့် တစ်နေ့ တစ်ခြား အောင်မြင်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဟန်ဆောင်မှု မရှိ ပွင့်ပွင့် လင်းလင်းနေတတ်တဲ့ မြတ်သူသူက မဟုတ် မမှန်တာတွေ့ရင် ဖွင့်ပြော တတ်သူဖြစ်ပြီး ခုတစ်ခေါက်မှာလည်း မြတ်သူသူက

ငွေကြေး ပိုင်ဆိုင်မှုခြင်း မတူညီတဲ့ လူနှစ်ယောက် ချစ်ကြိုက်မိရင် ဒီနိုင်ငံမှာအပြော အဆို မလွတ်ကြောင်းကို အခုလိုပဲ ပြောပြ လာခဲ့ပါတယ်။

ဒီနိုင်ငံမှာက လူအများစုက သာမာန် မိန်းကလေးတယောက် ဒါမှမဟုတ် ယောင်္ကျားလေးတယောက်က သူ့ထက် အဆင်ပြေတဲ့ ချမ်းသာတဲ့ လူတယောက်နဲ့များ တွဲကြည့်ပါလား..?

အမလေး တကယ်ချစ်တာ ဘယ် ဟုတ်ပါ့မလဲ ခြူစားနေတာ ပိုင်းလုံး လုပ်နေတာ အချိန်တန်ထားခဲ့ခံရမှာ ဘာညာ သရကာပေါင်းစုံနဲ့ ပြောထွက်ကြတယ်။

သူတို့ပြောတဲ့ အချစ်ဆို တာမျိုးက နိမ့်ကျတဲ့သူနဲ့ တွဲမှ တကယ့် အချစ်စစ် အဆင်ပြေတဲ့ သူနဲ့ တွဲမိရင် ပိုင်းလုံးခြူစား ချစ်ခြင်း မေတ္တာဆိုတာက ဘယ်လို အခြေအနေ အဆင့် အတန်း အသက် အရွယ်မှာမဆို ပေါ်တတ်တာပဲမလား…?

ဘာ ထူးဆန်း လို့လဲလေနော် မသိရင် သူတို့ ယူရမယ့် သူအတိုင်းပဲ သူတို့က အကုန် သိသလို ဝိုင်းဝေဖန်နေကြတာသူတို့ကပဲ တအိမ်ထဲ နေကြသလိုလို အကုန်သိ အဲ့ဒါ ဘာလဲ သိလား? မုဒိတာ မပွားနိုင်တာ…

အဆင်မပြေ နိမ့်ကျနေရင်သာ သနားပါတယ် ဟယ်ဆိုပြီး ပြောထွက်သေးပေမယ့် အဆင်ပြေလာရင် မနာလို မရှုစိမ့် မုဒိတာ မပွားနိုင်တဲ့ သေးသိမ်တဲ့ စိတ်တွေ ပေါ်လာတာ… ရှက်တတ် ကြစမ်းပါ။

 

လူတိုင်းက သူ့အကျိုးပေးနဲ့ သူပဲကို မြင်တွေ့နေရတာ အဆင် ပြေမနေဘူး ကိုယ့် စိတ်ထားအတိုင်း ကိုယ့်ကံက အကျိုးပေးသွားမှာ ဆိုပြီး ပြောလာပါတယ်။

မြတ်သူသူက ချီးကျူး (၇) ရက် ကဲ့ရဲ့ (၇) ရက်ဆိုတဲ့ စကားအတိုင်း ဒီနိုင်ငံမှာ ကိုယ့်ထက်ချမ်းသာတဲ့ သူနဲ့ ချစ်ကြိုက်မိရင် အပြောအဆို မလွတ်ကြောင်း ပြောပြလာ တာပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေလည်း မြတ်သူသူ ပြောတဲ့စကားက ဟုတ် မဟုတ် ဝေဖန် အကြံပြုပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *