ယနေ့ ကမ်ပိန်တွင် ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ ဘက်တော် သား အနှပညာရှင်များ

ယနေ့ ကမ်ပိန်တွင် ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ ဘက်တော် သား အနှပညာရှင်များ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ချစ်ခင်လေးစားရတဲ့ ကရင် တိုင်းရင်းသားတွေရဲ့ ဝတ်စုံကို ဝတ်ပြီး စစ်အာဏာရှင်ဘေးကို ရင်ဆိုင်နေရတဲ့ တိုင်းရင်းသား

ညီအစ်ကို မောင်နှမတွေအားလုံး သဘာဝဘေး လူကြောင့်ဖြစ်တဲ့ ဘေးတွေ အားလုံးကနေ ကင်းဝေးစေကြဖို့ ဆုတောင်း မေတ္တာပို့ပါတယ်။

ဒီဘေးဆိုးတွေကနေကျော်လွှားနိုင်ဖို့ အားလုံးနဲ့ အတူတူရှိနေပါတယ်။

စစ်အာဏာရှင်ဘေးကို အတူတူ ကျော်လွှားကြမယ်။ အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်

ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။

အဲဒါကြောင့် စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်း

အတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့

အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံး

ရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီ ကမ်ပိန်းလေးမှာ အတူပါဝင် လာခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်ပြီး လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို

ဘယ်ဘက် နှလုံးသားပေါ် တင် တော်လှန်ရေး သ င်္ကေတ လက် ၃ ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်။

ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာထောက်ထား

အား ပေး ကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ် သက်ရာ caption နဲ့ စာသားလေးတွေကို တွဲတင်ပေးပြီး ဒီ ကမ်ပိန်းမှာ အားလုံး ပါဝင်ခဲ့ကြပါတယ်။

ပရိတ်သတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ Only together, Can we save the planet!
Only together, Can we win the democracy!

Add a Comment

Your email address will not be published. Required fields are marked *