မွေးပြီး ၉ ရက်ကြာမှာ ဆုံးရှုံး ခဲ့ရတာကြောင့် သားရဲ့ အငွေ့ အသက်တွေ အိမ်က ထွက်သွားတော့မယ်ဆိုတဲ့ ဆယ်လီ မယ်အိ 

မွေးပြီး ၉ ရက်ကြာမှာ ဆုံးရှုံး ခဲ့ရတာကြောင့် သားရဲ့ အငွေ့ အသက်တွေ အိမ်က ထွက်သွားတော့မယ်ဆိုတဲ့ ဆယ်လီ မယ်အိ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မယ်အိ လို့ပြောလိုက်တာနဲ့ TikTok မှာ ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ video လေးတွေ တင်တင်နေတတ်တဲ့ သူဆိုတာ သိကြမှာပါ။

သူမအနေနဲ့ အမြဲ မရိုးနိုင်တဲ့ ဟာသတွေနဲ့ ခင်ပွန်းသည်နဲ့ အတူ ဟာသလးတွေ ရိုက်ကူးကာ ပျော်ပျော်နေတတ်တဲ့ သူတို့ မိသားစုလေးက လက်ရှိမှာ ရင်နင့်ဖွယ် အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်းထားတဲ့ သူတို့မိသားစုမှာ သားချောလေးကို မွေးဖွားခဲ့ပြီး နောက် ၉ ရက်မြောက်နေ့မှာ သားငယ်လေးကို ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

သားအတွက် ရက်လည် ကုသိုလ်လေး လုပ်ပီးရင် မေမေတို့ အိမ်မှာ မနေတော့ဘူး သားလေး သားလေးရှိခဲ့တဲ့ အိပ်ခန်းထဲကို မေမေ့မှာ မဝင်ရဲဘူး

အိပ်ခန်းထဲ ရောက်သွားတာနဲ့ ရင်ကွဲအောင် ငိုရတယ် သားရယ် မေမေ ဘယ်ရောက်ရောက် ထွက်သွားတော့မယ် စိတ်လေး ဖြေနိုင်မှ မေမေ အိမ်ပြန် လာတော့မယ်။

သားလေးရယ် မေမေက သားလေးနေခဲ့တဲ့ အခန်းထဲ ရောက်ရင် အရူးလိုဘဲ အော်ဟစ် ငိုနေတော့ သား ဖေဖေရော သား မမတေရော စိတ် မချမ်းသာကြရှာဘူး။

မေမေ သားနဲ့ အတူရှိခဲ့တဲ့ အိမ်လေးက နေခနတော့ ထွက်သွားပါရစေ ဖေဖေရော မမတေရောက မေမေ မငိုရင် ရဘီတဲ့ သားလေး ပြန်လာဖို့ ကြိုးစားရင်း မေမေတော့ အိမ်နဲ့ ဝေးရာကို ပတ်သွား နေလိုက်မယ်သား။

ခနလောက် ထွက်ပြေးလိုက်တဲ့ သဘောပါသားရယ် ”ဆိုတဲ့စာလေးနဲ့ မအိရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ တကယ့်ကို ကြေကွဲ ဝမ်းနည်းစရာပါပဲ။

ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *