မွေးနေ့ အမှတ်တရ အနေနဲ့ လူအယောက် (၁၀၀၀) စာအတွက် အာဟာရ ဒါန အလှူလေး ပြုလုပ်လာခဲ့တဲ့ နေဒွေး

မွေးနေ့ အမှတ်တရ အနေနဲ့ လူအယောက် (၁၀၀၀) စာအတွက် အာဟာရ ဒါန အလှူလေး ပြုလုပ်လာခဲ့တဲ့ နေဒွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသားချော နေဒွေးကတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်းနဲ့  သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုကိုလည်း လုပ်ကိုင်နေတာ ပရိတ်သတ်တွေ သိရှိပြီးသား ဖြစ်မှာပါ။

အနုပညာ လှုပ်ရှား မှုတွေမှာသာမကဘဲ စီးပွားရေး လုပ်ငန်းတွေမှာလည်း အောင်မြင်မှုတွေ ရရှိအောင် ဦးစီး လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက် လာရင်လည်း လက်မနှေးတဲ့ နေဒွေးက လိုအပ်တဲ့ နေရာများကို

သွားရောက်ကာ သူကိုယ်တိုင် ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေ သူငယ်ချင်းများ

နဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစား အသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာ တွေ့မြင်ရပါတယ်။

အခုလည်း သူရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ (၇) ရက် သား သမီး အလှူရှင်တွေနဲ့ စုပေါင်းကာ လူအယောက် (၁၀၀၀) စာအတွက် အာဟာရ ဒါနလေး ပြုလုပ်ခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဤနေ့ မွေးနေ့အလှူ ခေါက်ဆွဲကြော် ကြာဇံကြော် ထမင်းကြော် ပွဲ 1000 ခုနှစ်ရက် သား သမီးစုပေါင်း အလှုလေးပါဗျ ”

ရေးသား ထားရာ သာဓု သုံးကြိမ် ခေါ်ဆိုရင်း ပြန်လည် ဝေမျှ ပေးလိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *