မွေးနေ့မှာ မိခင်ဖြစ်သူကို ကျေးဇူးတင် စကားပြောလာခဲ့တဲ့ မင်းသားကြီး ရန်အောင်

မွေးနေ့မှာ မိခင်ဖြစ်သူကို ကျေးဇူးတင် စကားပြောလာခဲ့တဲ့ မင်းသားကြီး ရန်အောင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ‌ရန်အောင် ကတော့ မြန်မာရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရန်အောင် ဟာ အဆိုပိုင်းမှာလည်း ပါရမီပါသူပီပီ တေး သီချင်းပေါင်းများစွာကို သီဆိုခဲ့ပါတယ်။ စည်းနဲ့ဝါးလို့ အခြေခံကစပြီး သင်ကြားခဲ့တဲ့ ခေတ်ပေါ်သီချင်းတွေသီဆိုရာမှာ ကျွမ်းကျွင်ပိုင်နိုင်စွာနဲ့ သီဆိုနိုင်တာပဲဖြစ်ပါတယ်။

မင်းသားကြီး ရန်အောင် ဟာ အခုအချိန်မှာ အသက်ငါးဆယ်ကျော်အရွယ်ကို ရောက်နေပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကကျတဲ့ ဇာတ်ဆောင်နေရာတွေကနေ သရုပ်ဆောင်နေရဆဲပါပဲ။ ဒီကနေ့ကတော့ မင်းသားကြီး ဦးရန်အောင် ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။

အကယ်ဒမီများရှင် မင်းသားကြီး ဦးရန်အောင်ကိုတော့ ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မင်းသားကြီး ဦးရန်အောင်ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအပြင် အောင်မြင်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

အနုပညာလောကထဲကို ၁၉၈၅ ခုနှစ်မှာ ဒါရိုက်တာ မျိုးမြင့်အောင်ရဲ့ အချစ်ခြင်းတူရင် မောင်မောင်တို့က အရှုံးပေးလိုက်မယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ရန်အောင် ကတော့ ဒီနေ့မှာကျရောက်တဲ့ ၅၅နှစ်ပြည့်မွေးနေ့မှာ မွေးပေးခဲ့တဲ့မိခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

” မေမေခေါ်လို့ ကျွန်တော်ရောက်လာခဲ့တာ ဒီနေ့ဆို ၅၅ နှစ် တောင်ရှိခဲ့ပြီ… ချစ်တဲ့မေမေ နေကောင်းအောင်နေပေးပါ ကျန်းမာအောင် နေပေးပါ (ကပ်ရောဂါဘေးအန္ တရာယ်က ရှောင်ရှားနိုင်ခဲ့တဲ့မေမေ) မေမေ့ကိုသား နှစ်ပေါင်းများစွာ ဖေးမစောင့်ရှောက်နိုင်ပါစေခင်ဗျာ…” လို့ ရန်အောင် ဟာသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်နော်။

ပရိတ်သတ်ကြီးရေ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှာ အသက် ၅၅ နှစ်ပြည့်ခဲ့တဲ့ မင်းသားကြီး ဦးရန်အောင် အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားပေးခဲ့ပါအုန်းနော်။

မင်းသားကြီး ရန်အောင် လဲ မွေးနေ့မှစပြီး ချစ်ရတဲ့မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနုပညာလမ်းကိုလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *