မွေးကင်းစကလေးငယ်ရဲ့ နာမည်တွေခဲ့ပြီးနောက် မွေးစားရင်းမှာ လက်မှတ်ထိုးပေးရန် ငြင်းဆန်လာခဲ့ ဖခင်အမျိုးသားတစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မွေးကင်းစကလေးငယ်ရဲ့ နာမည်တွေခဲ့ပြီးနောက် မွေးစားရင်းမှာ လက်မှတ်ထိုးပေးရန် ငြင်းဆန်လာခဲ့ ဖခင်အမျိုးသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အင်္ဂလန်နိုင်ငံမှ စုံတွဲတစ်တွဲက လက်ထပ်ပြီး လေးနှစ် အကြာတွင် ပထမဆုံးသော သားငယ်ကို မွေးဖွားလာခဲ့ပါတယ်။

သူတို့ လင်မလားနှစ်ဦးဟာ ကလေး မမွေးဖွားမီ စတင်ကိုယ်ဝန် ဆောင်စဉ်ကတည်းကပင် ကလေးအား အမည်ပေးရေးနှင့် ပတ်သတ်၍ အမြဲ ရန်ဖြစ်နေခဲ့ကြပါတယ်။ နောက်ဆုံး မွေးဖွားတော့မည့် အချိန်မှပင် နှစ်ဦးသဘောတူ နားလည်မှုဖြင့် အမည်တစ်ခုကို ရရှိခဲ့ကြသည်ဟု ပြောပြလာခဲ့ပါတယ်။

သားဦးလေးအား မွေးဖွားပြီးချိန်မှာ ဖခင်က ရူးမတတ်ပင် အလွန် ပျော်မြူးနေခဲ့ပါတယ်။ ကလေးအားလည်း အဆင်ပြေစွာ မွေးဖွားနိုင်လာခဲ့ပါတယ်။

ထို့နောက် ဆေးရုံတွင် သားလေးအတွက် မွေးစားရင်ပြုလုပ်ပေးနိုင်ရန် ကြိုးစားလာခဲ့ကြပါတယ်။ မွေးစားရင်းပြုလုပ်တဲ့ အချိန်၌ မိခင်က လိုအပ်တဲ့ မိဘနာမည်များနှင့် သားငယ်အတွက် နာမည်တို့ကို ပြောပြလာခဲ့ပါတယ်။

လိုအပ်သည်များကို အကုန်ဆောင်ရွက်ပြီး ဖခင် တစ်ဦးသာ လက်မှတ်ထိုးရန် ကျန်ရှိသောအချိန်တွင် ဖခင်ကလည်း မွေးစားရင်းကိုယူကာ လက် မှတ်ထိုးရန် ပြင်ဆင်ခဲ့ပါတယ်။ ဖခင်က သားငယ်ရဲ့ နာမည်ကို မြင်ပြီးခဲ့တဲ့ အချိန်မှာတော့ လက်မှတ်ထိုးရန် ချက်ချင်းငြင်းဆန်လာခဲ့ပါတယ်။

အကြောင်းမှာ သားလေးရဲ့ နာမည်က သူတို့နှစ်ဦး သဘောတူထားတဲ့ အမည်မဟုတ်ပဲ ဖခင်ရဲ့ လုပ်ဖော် ကိုင်ဖက် တစ်ဦးရဲ့ နာမည်ဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ မိခင်က ဆရာဝန်ကသာ လွဲမှားစွာ ရေးမိခဲ့တယ်ဟု ပြောပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *