မြေ ကွက် ဝယ်သူများအနေဖြင့် အစ်မကိုပါ တစ် ခါတည်း လက်ထပ် ယူနိုင်ကြောင်း ကြေငြာလာခဲ့တဲ့ အမျိုးသား (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မြေကွက် ဝယ်သူများအနေဖြင့် အစ်မကိုပါ တစ် ခါတည်း လက်ထပ် ယူနိုင်ကြောင်း ကြေငြာလာခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ ဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံ Kuus မြို့တွင် နေထိုင်တဲ့ Aras Soflyanto

အမည်ရှိတဲ့ အမျိုးသား တစ်ဦးက မြေကွက် ရောင်းလိုသည့် ကြော်ငြာ စာအား လူမှုကွန်ယက်မှာ မျှဝေခဲ့ရာ အွန်လိုင်း အသိုင်း အဝိုင်း တစ်ခုလုံးကို ဂယက် ထသွားစေခဲ့ပါတယ် ။

အကြောင်းမှာ အမျိုးသားက ၇၂ စတုရန်း မီတာ ကျယ်ဝန်းတဲ့ မြေကွက်အား ရောင်းလိုပြီး ဝယ်သူများ အနေနှင့် စိတ်ဝင်စားလျှင် အစ်မဖြစ်သူကိုပါ လက် ထပ် ယူနိုင်သည့် အခွင့် အရေးကို ထည့် ကြော်ငြာ ခဲ့ခြင်းကြောင့် ဖြစ်ပါတယ် ။

အမျိုးသားက မြေကွက်လည်း ရောင်းထွက်ပြီး အစ်မဖြစ်သူလည်း အပျိုကြီး ဘဝက ကျွတ်အောင်ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဟန်နှင့် ကြော်ငြာလာခဲ့ပါတယ် ။

၎င်း ကြော်ငြာ စာကို မြင်တွေ့တဲ့ အမျိုးသားများမှာ မြေကွက်ကိုတော့ စိတ်မဝင်စားပဲ အစ်မဖြစ်သူကိုပဲ လက်ထပ်၍ မရပူးလား ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ် ။

သူတို့ နေရာမှာ ပရိတ်သတ်ကြီးထဲက တစ်ယောက်ဆိုရင်ရော မြေကွက် ဝယ်ပြီး အစ်မကို ယူမလား…

ဒါမှမဟုတ် အစ်မဖြစ်သူကိုပဲ ယူမလား…

ဆိုတာ ဖြေခဲ့ကြပါအုံးနော် ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *