မြန်မာ အသင်းကို အပြစ်မမြင်ကြဖို့ ပရိတ်သတ်ကို တောင်းဆိုလာခဲ့တဲ့ အဆိုတော် ရန်ရန်ချန်း

မြန်မာ အသင်းကို အပြစ်မမြင်ကြဖို့ ပရိတ်သတ်ကို တောင်းဆိုလာခဲ့တဲ့ အဆိုတော် ရန်ရန်ချန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မနေ့ ညက ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်  မြန်မာအသင်းမှ ဂျပန်အသင်းကို ဆယ်ဂိုး  ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေမှာ သွားရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာ ဘောလုံးအသင်းကို ပရိတ်သတ်များမှ ဝေဖန်အပြစ်တင်နေကြတာလည်း မြင်တွေ့ရပါတယ်။

သို့သော်လည်း မနေ့က ပွဲအတွင်း မြင်တွေ့လိုက်ရတဲ့ ကစားသမားတွေရဲ့ မျက်နှာ အမူ အရာတွေကြောင့် အားလုံးက စိတ်မကောင်း ဖြစ်နေကြရ ပြန်ပါတယ်။

သူတို့အားလုံး  နိုင်ငံတော် သီချင်းကိုတောင် လုံးဝမဆိုကြဘဲ  သက်ပြင်းတွေ အကြိမ်ကြိမ် ချနေကြတာကို အားလုံးလည်း မြင်တွေ့ခဲ့ကြရမှာပါ။

သူတို့ အားလုံး ဘယ်လိုမှ မတတ်သာတဲ့ အခြေအနေတွေကြောင့် သွားရောက် ယှဉ်ပြိုင်ခဲ့ကြတယ လို့ ပရိတ်သတ် တစ်ချို့မှ ကောက်ချက်ချနေကြတာပဲ ဖြစ်ပါတယ်။

မနေ့ ညက အဆိုတော် ရန်ရန်ချန်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း မတတ်သာတဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ အ သင်းကို အပြစ်မမြင်ကြဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

မြန်မာ ဘောလုံး အသင်းကို အရမ်းမပြောကြပါနဲ့ကွာ သူတို့မှာလည်း မလွန်ဆန်နိုင်တာတွေ ရှိနေလောက်မယ် ထင်ပါတယ်။

သူတို့ အခုချိန် ဘယ်လောက်တောင် စိတ်ဖိစီးနေကြမလဲ သူတို့လည်း ပြည်သူတွေပါပဲ အချင်းချင်း အား ပေးကြရအောင်လေ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

မနေ့က ပြိုင်ပွဲတွင် မြန်မာ အသင်းမှ အရန်ကစား သမား တစ်ဦးက နိုင်ငံတော် သီချင်းဆိုချိန်တွင် လက် သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

၎င်း ကစားသမားရဲ့ ရဲရင့်သတ္တိရှိမှုတွေကို ပြည်သူတွေက လေးစားဂုဏ်ယူနေကြပြီး သူ့ရဲ့ ဘေးကင်းလုံ ခြုံမှုအတွက်တော့  စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူတို့လေးတွေအပေါ် အထင်မလွဲကြပါနဲ့နော်။ Credit

Add a Comment

Your email address will not be published. Required fields are marked *