မြန် မာ ပြည်ရဲ့ အ ရေး တော် ပုံ အောင်ပြီး သွားတဲ့ အခါ လူ့ အသိုင်း အဝိုင်း ကနေ ဖယ် ကျဉ် ထားရမယ့် နာမည်ကြီး အနု ပညာ ရှင်များ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မြန်မာပြည်ရဲ့ အရေးတော်ပုံအောင်ပြီး သွားတဲ့အခါ လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ် ထားရမယ့် နာမည်ကြီး အနုပညာရှင်များ

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ အခုဖြစ်နေတဲ့ မြန် မာနိုင်ငံအရေး ကဘယ်သူတွေ ဘယ်လို စိတ်ဓာတ်မျိုး ရှိတယ် ဆိုတာအကုန်လုံး ကွက်ကွက် ကွင်းကွင်း သိမြင်လာခဲ့ရပါတယ်။

အဓမ္မဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်များလည်း ရှိသလို ဆန္ဒပြပွဲတွေမှာ ဟန်ဆောင်ခဲ့ပြီး ကြားနေခဲ့တဲ့ ဆယ်လီ တစ်ချို့လည်း ရှိခဲ့ပါတယ်။

ဒီအထဲ မှာတော့ Facebook ဆယ်လီ နေဆန်း ဖြူဖြူထွေးနဲ့ နာမည်ကြီး သရုပ်ဆောင် ထက်ထက်မိုးဦး တို့လည်း ပါဝင်ပါတယ်။

သူတို့ သုံးဦးရဲ့ သတင်း အစုံအလင်ကို အောက်တွင် ဖော်ပြပေးလိုက် ရပါတယ်။

ပထမက နေဆန်း…

ဖောလိုးဝါးတွေအများကြီး ကိုင်ထားပြီး စစ်အာ ဏာရှင် ဆန့်ကျင်ရေး ထိထိရောက်ရောက်

မလုပ်ဘဲအရင်တုန်းကတော့ ရူးသလိုလိုပေါသလိုလိုနဲ့ အာ ဏာသိမ်းပြီးတော့ သူများလှူတာတွေပဲ ထိုင်ရှဲနေ

ပြီး နောက်ဆုံးမှ ဈေးရောင်းမယ့် သူများ လာမန့်ကြပါဆိုပြီးပေါ်လာတယ်။

ဒုတိယက ထက်ထက်မိုးဦး…

အရင်တုန်းက စိန်လက်စွပ်တွေ Live လွှင့်ပြီး ဗိုလ်မှူးကတော်တွေနဲ့ သာယာနေတာကနေ အာဏာသိမ်းလိုက်တော့ Page ဖျက်ပြေးတယ်။

UN ကလာမယ်ဆိုတော့ Page ပြန်ဖွင့်ပြီး လက်သုံးချောင်းထောင်တဲ့ ဓာတ်ပုံတင်ပြီး UN က မလာပြန်ဘူး

ဆိုတော့ Page ပါ Unpublished ပြန်လုပ်သွားတယ်။ အခုထိ Page ဖျောက်ထားတုန်း…

တတိယက ဖြူဖြူထွေး…

အရင်တုန်းက လိုင်းပေါ် ကြော်ငြာတစ်ပုဒ် သိန်း ၇၀ နဲ့ နေ့တိုင်းခုန်ပေါက်ပြေးလွှား နေပြီးအာဏာသိမ်းပြီးကာမှ ဖေ့ဘုတ် Password မေ့သွားလို့

Bluemark ရထားတဲ့ Page မှာ Post မတင်တော့တာ မတ်လ ၁ ရက်နေ့ကနေ ဒီနေ့ထိဆို ရက်ပေါင်း ၅၀ နီးပါးရှိသွားပြီ။

လမ်းပေါ်လည်း လုံးဝထွက်မလာဘူး။ ထက်ထက်မိုးဦးနဲ့ ဖြူဖြူထွေး လမ်းပေါ် ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ပုံ မြင်ဖူးလို့လား။

ဒီကြားထဲ ဘယ်သူက ဖွလိုက်တယ်မသိ ဘယ်သူက သိန်းဘယ်နှထောင်လှူလိုက်ပါပြီတို့ ဘယ်သူမှ အဲ့လောက်အများကြီး မလှူဘူး အကုန်လုံး လူလည်တွေချည်းပဲ။

လူအများစုက ဘစိုင်းကိုသာ Troll နေကြတာ ဘစိုင်းက ရန်ကုန်တို့ သူ့မွေးရပ်မြေတောင်ကြီးတို့ ကိစ္စမှာ

ဘာအသံမှမထွက်ပေမယ့် အနည်းဆုံးတော့ လမ်းပေါ်ဆန္ဒပွဲတော့ ရောက်လာခဲ့သေးတယ်။

အပေါ်က ဆယ်လီတွေတော့ လုံးဝမတွေ့ခဲ့ရပါဘူး။

Personal တိုက်ခိုက်နေတာ မဟုတ်ဘူး။ တိုက်ခိုက်ရအောင် ကျွန်တော်လည်း ဈေးရောင်းနေတဲ့

လူ တစ်ယောက်မဟုတ်ဘူး နိုင်ငံရေးသမားကြီး မဟုတ်ပေမယ့် ဒီလို ဝန်းရံသူ အမေစု ချစ်သူ Activities အဆင့်ပါ။

Democracy Strong တစ်ယောက်ဆိုတော့ ဝန်းရံတဲ့ နေရာမှာလည်း သူများတွေထက် ပိုဝန်းရံသလို ပြောရင်လည်း သူများတွေထက် ပိုပြောရလိမ့်မယ်။

လိုရင်းပြောရရင်တော့ ဒီလူတွေ ဖောလိုးဝါးတွေ မီလီယံနဲ့ချီကိုင် ထားပြီး ပြည်သူတွေရဲ့ အားပေးမူတခဲနက်

ရရှိပြီးတကယ်အရေးကြုံလာတော့ ပြည်သူနဲ့အတူမရပ်တည်ပဲ အတိတ်မေ့နေသလိုလို

ရွှေပျောက်နေသလိုလို လုပ်နေတာတော့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။

တကယ်က သူတို့ကပိုပြီးတော့တောင် Speak Out လုပ်ပေးသင့်ပါတယ်။

အဆုံးသတ်တော့ ဝေလသီချင်း ထဲကလို ကန့်လန့်ကာ ရှေ့မှာသာ ကလေးလို ဟန်ဆောင်နေကြတာ ကန့် လန့်ကာ နောက်ကွယ်မှာတော့ လူလည်တွေချည်းပါပဲ။

သူတို့ သုံးယောက်ထဲလား ဆိုတော့လည်း မဟုတ်ဘူး အာဏာသိမ်းပြီးကာမှ မြန်မာနိုင်ငံက သူတို့နဲ့မဆိုင်ပါဘူး။

သူတို့က အမေရိကန် နိုင်ငံသားပါဆိုတဲ့ ဆုပန်ထွာတို့ကအစ အများကြီးကျန်ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူတို့တွေအပေါ် ထင်မြင်ချက်လေးတွေ ပြောခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူး အထူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *