မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ခန့်စည်သူ ကို မထိနဲ့လို့ပြောလိုက်တဲ့ ဦးဝင်းမြိုင် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ခန့်စည်သူ ကို မထိနဲ့လို့ပြောလိုက်တဲ့ ဦးဝင်းမြိုင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌအဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံလိုက်ရတဲ့ အကယ်ဒမီ ခန့်စည်သူ ဖက်ကနေ

ကာကွယ် ပြောဆိုပေးလို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှု့ေတွကို ခံနေရတဲ့ ဦးဝင်းမြိုင်၂၀၁၉ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဌ တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ‌ဒါရိုက်တာ ဦးညီညီထွန်းလွင်က ကျန်းမာရေး ချို့ယွင်းမှုကြောင့်

ရာထူးတာဝန်မှ နှုတ်ထွက်သွားခဲ့ပြီး နောက်မှာတော့ လစ်လပ်နေတဲ့ အစည်းအရုံး ဥက္ကဌ ရာထူးကို မင်း သား ခန့်စည်သူကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံ ရုပ် ရှင် အစည်းအရုံးက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ခန့်စည်သူက ယခင်တည်းက ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင် တစ်ဦးအနေနဲ့ဆောင်ရွက်နေသူလည်းဖြစ်ပြီး သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိထားတဲ့ မင်းသားကြီး တစ်ဦးလည်းဖြစ်ပါတယ်။

ခန့်စည်သူက အနုပညာလောကမှာလည်း နှစ်ပေါင်း အတော်ကြာ ရပ်တည်နေတဲ့ ဝါရင့် မင်းသားကြီး တစ်ယောက်လည်းဖြစ်သလို ပရဟိတ အလုပ်တွေကိုလည်း တတ်အားသ‌ရွေ့လုပ်နေ‌တဲ့ သူတစ်ယောက် အဖြစ် အားလုံးသိထားပြီးသား ဖြစ်ပါတယ်။

အခုတစ်လော အလှူအတန်းတွေ အရမ်းလုပ်ပြနေပြီး ပြည်သူ တွေရဲ့ မေတ္တာကိုရယူဖို့ ကြိုးစားနေတာ ဒီအတွက် ကြောင့် များ ပါမလားဆိုတာ စဉ်းစားစရာပါပဲ ခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေ တွေနဲ့ပက်သက်ပြီး မသိချင် ယောင် ဆောင် နေခဲ့လို့ ခန့်စည်သူက ပရိတ်သတ် တွေ ရဲ့ဝေဖန်မှုကို ခံနေရတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာရှင်တွေ အတော်များများ ၅၀၅ (က)နဲ့ အမှုဖွင့် အရေးယူခံ ထားရသလို အနုပညာရှင် အချို့လည်းဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေမှာ ရုပ်ရှင် အစည်းအရုံးအနေနဲ့ ခန့်စည်သူကို အမှု ဆောင် အားလုံးရဲ့ရွေးချယ်မှုနဲ့ ဥက္ကဌ ခန့်အပ်ခြင်းဖြစ်တယ်လို့ ကြေငြာလာခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဝါရင့် သရုပ်ဆောင် ဦးဝင်းမြိုင်က အခုလို ခန့်စည်သူ ဖက်ကနေ ကာကွယ်ပြောဆိုထားခဲ့ပါသေးတယ်။

“လူရိုသေ ရှင်ရိုသေ ၊image ကောင်းတဲ့ လူတဲ့ လူကိုရှာရတာမို့ ခန့်စည်သူကို ဥက္ကဌအဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောထားတာဖြစ်ပါတယ်။

အခုလိုဝင်ရောက်ဖတ်ရှု့အားပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း ကျန်းမာ ပျော်ရွှင်တဲ့ နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *