မြန်မာနိုင်ငံရှိရာဘက်သို့သာမျက်နှာမူနေတဲ့ ထိုင်းနိုင်ငံမှမြဘုရားရဲ့ရာဇဝင်

မြန်မာနိုင်ငံရှိရာဘက်သို့သာ မျက်နှာမူနေတဲ့ ထိုင်းနိုင်ငံမှ မြဘုရားအကြောင်း

မြကျောက်ရုပ်ပွားတော်ရဲ့ ရာဇဝင်ကိုပြောရမယ်ဆိုရင် အနော်ရထာ ဘုရင်ကို သီဟိုဠ်ဘုရင်က ဤမြဘုရားကို လက်ဆောင်အနေနဲ့ဆက်သထားခဲ့တာဖြစ်ပြီး ပုဂံကိုအပို့ လမ်းမှာ မုန်တိုင်းမိခဲ့ပါတယ်။

ဒါကြောင့် ထိုင်းကမ်းခြေမှာ သင်္ဘောဆိုက်တော့ ပို့ခိုင်းသူများက ကြောက်လန့်ပြီး ဆက်ပို့ဖို့ အဆင်မပြေခဲ့တဲ့အတွက် ကုန်းလမ်း ကနေ လာအိုနိုင်ငံကို ရောက်သွားခဲ့ပြီး

လာအို ဘုရင်က တစ်မြတ်တစ်နိုး ကိုးကွယ်ထားတဲ့ ဆင်းတုတော်ဖြစ်ပါတယ်။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်ကသိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါတယ်။

နှစ်နိုင်ငံလုံးက ဘုရင်တွေနဲ့ မိတ်မပျက်ချင်တဲ့ အနော်ရထာ ဘုရင်ဟာ သီဟိုဠ်ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအိုဘုရင်ထံရေစက်ချ လှူဒါန်းခဲ့ပါတယ်။

အနော်ရထာ ဘုရင်ဆီက မျက်နှာသာရလိုမှုကိုသာ အဓိကထားတဲ့ သီဟိုဠ် ဘုရင်ဟာ ခုလို အနော်ရထာဘုရင်နဲ့အတူ အလှူရှင်အဖြစ် ရေစက် ချခွင့်ရတဲ့ အတွက်ကျေနပ်သလို စစ်တိုက်ပြီး ဖြစ်စေ၊

သံတမန်လွှတ်ပြီးဖြစ်စေ ပြန်ယူရင် အဲဒီခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာနေပေမယ့်ပြည်သူတွေရဲ့ သဒ္ဓါတရားကို ခုလို အသိအမှတ်ပြုလေးစားစွာ

ရေစက်ချလှူပေးတဲ့အတွက် လာအိုဘုရင်ကလဲ အနော်ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်းကြောင်းကြီးတဲ့ မြဘုရားကိုမှ

ထိုင်းနိုင်ငံဟာ လာအိုနိုင်ငံကနေ တိုက်ခိုက်သိမ်းပိုက် ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ လာအိုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က

မြဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာပါတယ်။ ယခုဆိုရင် မြကျောက်ရုပ်ပွားတော်ကြီးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဝင်နန်းတော်ရှိ မြဘုရားဗိမာန်တော်မှာ ကိန်းဝပ်စံပယ်လျက်ရှိပါတယ် ။ Crd

Add a Comment

Your email address will not be published. Required fields are marked *