မြန်မာနိုင်ငံမှာ အနုပညာသေနေပြီဟု အနုပညာလောကသားတွေကို ဒဲ့ဆော်လာခဲ့တဲ့ အဆိုတော် Rဇာနည်

မြန်မာနိုင်ငံမှာ အနုပညာသေနေပြီဟု အနုပညာလောကသားတွေကို ဒဲ့ဆော်လာခဲ့တဲ့ အဆိုတော် Rဇာနည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် R ဇာနည်က အသံ ပါဝါကောင်းကောင်းနဲ့ တေး သီချင်းကောင်းများစွာကိုတီဆိုထားပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။

အာဇာနည်က ချစ်စရာကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားသား မီးမီးကိုပါ ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက် ထားတာပဲဖြစ်ပါတယ်။

အာဇာနည်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွနဲ့ အတူတစ်သားတည်း ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင် လှုပ်ရှားခဲ့ပါတယ်။

အခု တစ်ခါမှာ ဆိုရင်လဲ အဆိုတော် R ဇာနည်က မြန်မာနိုင်ငံမှာ အနုပညာ သေနေပြီဟု အနုပညာ လောကသားတွေကို ဒဲ့ဆော် လိုက်တာပဲ ဖြစ်ပါတယ်။

အာဇာနည်က အလွှာ အသီးသီးမှာရှိကြတဲ့ အနုပညာ သမားတွေ ဒီတစ်ခါမှ မနာရင် ဘယ်တော့မှ မနာနဲ့တော့ ဒီထက်နာတာမှ မရှိတော့ပဲ အနုပညာ သမားမဟုတ်တဲ့ ပြည်သူတွေလဲ ဒီတိုင်းပါပဲ။

ကျွန်တော်က အနုပညာ လောကသား တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာ သမားတွေကို ကိုယ်ချင်း စာရင်ထဲ နာကျင် ငိုကြွေးစွာ ဒီစာတိုလေး ရေးဖြစ်တာပါ။

အနုပညာသမားတွေ တော်တော် များများ အလုပ် လက်မဲ့ ဖြစ်ပြီး မိသားစုတွေ သေကွဲ ရှင်ကွဲ မကွဲသင့်ပဲ ကွဲကုန်ကြပြီ မဖြစ်သင့်ပဲ ဖြစ်ကုန်ကြပြီ မြန်မာနိုင်ငံမှာ အနုပညာ သေသွားပြီအရေးတော်ပုံ အောင်ရမည်။

Rဇာနည် 23.8.2021 ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်။

ပရိတ်သတ်ကြီးများ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *