မော်လမြိုင်က ကြွေလွင့်သွားတဲ့ (၁၁) နှစ်သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မမဆောင်း

မော်လမြိုင်က ကြွေလွင့်သွားတဲ့ (၁၁) နှစ်သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မမဆောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မမဆောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် ဆောင်အိနြေ္ဒထွန်းကတော့ ဟန် ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့ ဟန်ပန်လေးတွေကြောင့် အနုပညာလေ ာကမှာ ပရိတ်သတ်တွေက တစ်ခဲနက် အားပေး ချစ် ခင် နေကြရသူပဲ ဖြစ်ပါတယ် ။

အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် အခိုင် အမာရပ်တည်နေတဲ့ သူမကတော့ ခုလက်ရှိ အခြေ အနေတွေမှာ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေပြုလုပ်ပြီး တတ်နိုင်ဘက်ကနေ အားဖြည့် ပါဝင်နေတာလည်း တွေ့ရပါတယ် ။

လိုအပ်နေကြတဲ့ ပြည်သူတွေ အတွက် လှူဒါန်းမှု တွေပြုလုပ်ပေးနေတဲ့ မမဆောင်းကတော့ တော်လှန်ရေး တိုက်ပွဲကြီးအတွင်း ကျဆုံး သွားခဲ့တဲ့ မော်လမြိုင်မြို့က (၁၁) နှစ် အရွယ် သမီးလေး အေးမြတ်သူ အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ် ။

ကွယ်လွန် ကျဆုံးသွားရှာတဲ့ သမီးငယ်လေးအတွက် ဒီကနေ့မတ်လ (၃၀) ရက်နေ့မှာ အလှူငွေ (၂) သိန်းကို လှူဒါန်းပြီး ဖေးမ ကူညီခဲ့တာဖြစ်ပြီး သမီးလေးအ တွက် စိတ်မကောင်း ဝမ်းနည်းရသလို ကောင်းရာ သုဂတိ လားစေဖို့ကိုလည်း မမဆောင်းက ဆုတောင်းပေးထားတာ တွေ့ရပါတယ် ။

ပရိတ်သတ်ကြီး အားလုံးလည်း မမဆောင်းရဲ့ အလှူလေးကို သာဓု ခေါ်ပေးကြပါအုံးနော်။ ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူး အထူးတင်လျက်ပါ ။ Credit

Add a Comment

Your email address will not be published. Required fields are marked *