မောင်ရင်လောင်းလေး ဖြစ်ခွင့်မရလိုက်တဲ့ သားငယ်လေးကိုထွေးပွေ့ပြီး အော်ငိုနေရှာတဲ့ ယောကျာ်းရင့်မာဖခင်တစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မောင်ရင်လောင်းလေး ဖြစ်ခွင့်မရလိုက်တဲ့ သားငယ်လေးကိုထွေးပွေ့ပြီး အော်ငိုနေရှာတဲ့ ယောကျာ်းရင့်မာဖခင်တစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သားလေး အ လောင်းကို ကျစ်ကျစ်ပါအောင် ဖက်ရင်း ငါ့သား သေသွားတာဆိုပြီး အော်ငိုနေရှာတာ ယောကျာ်းရင့်မာကြီးပါ။

သူ့သားလေးကို ရှင်ပြုပေးဖို့လုပ်ထားတာတဲ့ ဖခင်တယောက်ရဲ့ အပျော်ဆုံးနေ့ဖြစ်တဲ့ သားရှင်ပြုတဲ့နေ့ကိုတော့ မရောက်နိုင်တော့ဘူး။

သားလေးအပေါ်ထားတဲ့ အနာဂါတ် အစီစဉ်တွေ ဖခင်တစ်ယောက်ရဲ့ မျှော်မှန်းချက်တွေ အားလုံး ကျည်တစ်ထောင့်ကြောင့် လက်လွတ်လိုက်ရပြီ သူ့သားလေးနဲ့ ဘောလုံး တူတူမကန်နိုင်တော့ဘူး သားလေးစာကျက်သံ နောက်ထပ် မကြားနိုင်တော့ဘူး သားလေး အပြုံးတွေ ထပ်ပြီး တွေ့ခွင့်မရနိုင်တော့ဘူး။

ဦးလေးရေ တကယ်တောင်းပန်ပါတယ်။ ထပ်တူ ထပ်မျှ ဝမ်းနည်းတယ်ပြောဖို့ကို အားနာတယ်။ ကျွန်တော်တို့ မတရားမှန်းသိပေမဲ့ မကာကွယ်ပေးနိုင်ခဲ့ဘူး။

ယနေ့ရွှေဘို (၂၇.၃.၂၀၂၁) နောက်ထပ် (၇) တန်းကလေးတယောက် အိမ်ထဲမှာနေနေတဲ့ ကလေးကို Sniper နဲ့လှမ်းပစ်ကြည့်ရင်း ငိုရပြန်ပြီ မိဘတွေ ဘယ်လောက် ရင်တွေကွဲနေလိုက် မလဲ သားလေးရယ်။

ငါ့သား သေသွားပြီး ငါ့သားလေးသေသွားတာပါဆိုပြီ အော်ငိုနေတဲ့ အဖေတျောက်ရဲ့ ခံစားချက် ရွှေဘို (13) နှစ်အရွယ်ကလေး ထိမှန်ရင်ထဲမခံစားနိုင်ဘူး အပစ်မဲ့ ကြယ်လေးတွေ ကြွေလွင့်ကုန်ပြီ။

ဒီတိုက်ပွဲပြီးရင် ရှင်ပြုပေးဖို့ ဖိတ်စာတောင်ကြိုရိုက်ထားတာ စိတ်တွေ မကောင်းလိုက်တာ။ လုပ်ရက် ကြတယ်နော်။ ဘာအပြစ်မှ မရှိတဲ့ သူတွေကို ကလေး လေး တွေတောင် မချန်ဘူး။

ကလေးက ပြတင်းပေါက်က‌ကြည့်နေတာကို Sniper က ပစ်သွားတာတဲ့ဗျာ March (27) သားလေးက ရှင်ပြုဖို့ ဖိတ်စာတောင် ရိုက်ပြီးပြီတဲ့ အခု ရှင်မပြုရတော့ဘူး။

ရင်ကွဲမတက်ပဲ ခံစားရတယ် အပြစ်ကင်းစင်တဲ့ ခလေးတွေကို လုပ်ရက်လိုက်တာ ..ပြောမဲ့စကားမရှိတော့ဖူး ကြည့်ပြီးမျက်ရည်ပဲကျနေတယ် အမလေး ဖအေကြီးရော ကလေးရော သနားလွန်းလို့ ဘာပြောရမလဲတောင်မသိတော့ပါဘူး။

Tags:

Add a Comment

Your email address will not be published. Required fields are marked *