မောင်ဖြစ်သူ ပိုင်တံခွန် အတွက် မွေးနေ့ဆုတောင်းစကား ပြောလာခဲ့တဲ့ အစ်မဖြစ်သူ

မောင်ဖြစ်သူ ပိုင်တံခွန် အတွက် မွေးနေ့ဆုတောင်းစကား ပြောလာခဲ့တဲ့ အစ်မဖြစ်သူ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ပိုင်တံခွန် က တော့ ဒီ အရေးတော် ပုံကြီး စတင်ထဲက အားကြိုး မာန်တတ်နဲ့ လမ်းပေါ်ထွက်ပြီး ရဲရဲ ရင့်ရင့် ဆန္ဒ ထုတ်ဖော်ခဲ့သူ

တစ်ယောက် ဖြစ်သလို ပြည်သူ တွေကို လည်းရှေ့ကနေ ကာကွယ် စောင့် ရှောက် ပေးမှုတွေလည်း ပြုလုပ် ခဲ့ပါသေးတယ်။

ဒါ့အပြင် သူရဲ့ များပြားလှတဲ့ Follower တွေကို အသုံးချပြီး မြန်မာနိုင်ငံမှာ နေ့စဉ် ဖြစ်ပျက် သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေး ခဲ့တာလည်း ဖြစ်ပါတယ်။

တံခွန်က အောင်မြင် ကျော်ကြားမှုတွေကို ဘေး ချိတ်ထားပြီး လူငယ် ပီပီ တိုင်းပြည် အရေးကို တက်တက် ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီလို စိတ်ရော ကိုယ်ပါ နှစ်ပြီး နွေဦး တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆိုရင် ပုဒ်မ (၅၀၅) က နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်း ဖြစ်ပါတယ်။

သူ့ကို ချစ်တဲ့ ပရိသတ်တွေက ဒီနေ့ အထိ ပိုင်တံခွန် ပြန်လည် လွန်မြောက် လာမယ့် ရက်ကို လက်ချိုးရည်ပြီး စောင့်ဆိုင်း နေကြတာပဲဖြစ်ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်ရဲ့ (၂၅)နှစ်ပြည့်မွေး နေ့လေးပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ အမဖြစ်သူကတော့ အကျဉ်းထောင်ထဲမှာရောက်ရှိနေတဲ့ မောင်ဖြစ်သူ အတွက် ကောင်း မှုကုသိုလ် တွေလုပ်ပေးရင်း မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

Happy Birthday Me’ lone lay ကျန်းကျန်းမာမာနဲ့ အိမ်ကိုအမြန်ဆုံး ပြန်ရောက် လာနိုင်ပါစေ…

ခုချိန် အလိုချင်ဆုံးက ဒီဆုပဲ ဆိုပြီးမွေးနေ့ ဆု တောင်းပေး ထားတာကို ပရိတ်သတ် ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးလည်း ပိုင်တံခွန် အတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *