မူဆယ်မြို့က အသက် ဆုံးရှူံးသွားတဲ့ ကာင်လေးအတွက် စိတ်မကောင်း ဝမ်းနည်းနေတဲ့ အိစိကွေး

မူဆယ်မြို့က အသက် ဆုံးရှူံးသွားတဲ့ ကာင်လေးအတွက် စိတ်မကောင်း ဝမ်းနည်းနေတဲ့ အိစိကွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အိစိကွေးက ကလေး ဘဝကတည်းက ရုပ်ရှင်နဲ့ ဗီဒီယို

ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်းပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုရရှိခဲ့တဲ့အနု ပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီးလည်း လူငယ် တစ်ယောက်ပီပီ ဖေဖော်ဝါရီလ

အစပိုင်းတည်းကတိုင် အင်တိုက် အားတိုက် ပါဝင် လုပ် ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၂၈) ရက်နေ့ မနက်ပိုင်းမှာတော့ မူဆယ်မြို့မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် စည်ပင် ဝန်ထမ်းကောင်လေး တစ်ယောက် ခြေထောက်ပြတ်ပြီး အသက် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှု အရှိန်ကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိနေပြီး မူဆယ်မြို့ လားရှိုး ဆေးဆိုင် အနီးမှာဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

သေဆုံးသွားသူ စည်ပင် ဝန်ထမ်းကောင်လေးမှာ အမှိုက် သိမ်းရင်းပေါက်ကွဲမှုနဲ့ တွေ့ကြုံခဲ့ရတာဖြစ်တယ် လို့ ဒေသခံ ပြည်သူတွေက ပြောကြားခဲ့ပါတယ်။

၎င်း အဖြစ် အပျက်ကြောင့် အိစိကွေး တစ်ယောက်လည်း စိတ်မကောင်းဖြစ်ပြီး မူဆယ် စည်ပင်က

ကောင်လေးရေ ကောင်းရာ မွန်ရာ ရောက်ပါစေကွာ Rest In Peace ဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသားလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလည်း စည်ပင် ဝန်ထမ်း ကောင်းလေးအတွက် သာဓု ခေါ်ပေးကြပါအုံးနော်။

စာဖတ်ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *