မီးလောင်းပြာကျသွားတဲ့ ပေါက်မြို့နယ် ကင်းမရွာအတွက် သူ့ဆီမှာ ကူညီလှုဒါန်းကြဖို့ တောင်းဆိုလာခဲ့တဲ့ အိစိကွေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မီးလောင်းပြာကျသွားတဲ့ ပေါက်မြို့နယ် ကင်းမရွာအတွက် သူ့ဆီမှာ ကူညီလှုဒါန်းကြဖို့ တောင်းဆိုလာခဲ့တဲ့ အိစိကွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကလေး သရုပ် ဆောင် ဘဝကနေ ယခု အချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ အိစိကွေး တစ်ယောက်က အောင်မြင်မှုတွေ ရယူဆဲဖြစ်ပါတယ်။

လက်ရှိ အချိန်ကာလ တစ်ခုကြောင့် အနုပညာ လှုပ် ရှားမှုတွေကို ရပ်တန့်ထားပြီး ပရိတ်သတ်တွေနဲ့ အတူရပ်တည်ကာ မိမိ တတ်စွမ်းသ၍ ကူညီ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီမှ အာဏာသိမ်းကာစကတည်းက ပြည်သူတွေနဲ့အတူ အာဏာ သိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြတဲ့ နေရာမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း ကိုယ်တိုင် သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

စေတနာရှင် ပြည်သူတစ်ချို့ လှူဒါန်းမှုတွေကိုလည်း စစ်ဘေးရှောင် ပြည်သူတွေဆီကို ကိုယ်တိုင် သွား ရောက်ပြီး တစ်ဆင့် လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ယနေ့ မှာတော့ စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ပေါက်မြို့နယ်က ကင်းမရွာလေးကို ကူညီ လှူဒါန်းဖို့အတွက် သူကိုယ်တိုင်ဦးဆောင်ပြီး လှူဒါန်းကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။

“မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ကင်းမရွာ မှာ မီးလောင်ခဲ့ပြီး ရွာထဲကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတဲ့ ပြည်သူတွေ အကုန် မီးထဲမှာ သေဆုံးခဲ့ရပါတယ်။

အိမ်ခြေ ၂၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိပါတယ်။

ကျွန်တော်တို့ ကူရအောင်ဗျာ ထုံးစံအတိုင်း တစ်ယောက်ကို ၁၀၀၀ ၂၀၀၀ ကစ ပြီး လှူလို့ရပါတယ်။

လူတိုင်း အခက်အခဲဖြစ်နေတာ သိပေမယ့် ၁၀၀၀ ဆိုတဲ့ အတိုင်းအတာက စုလိုက်ရင် အကျိုးရှိတဲ့ အလှူဖြစ်မှာပါ ဟူ၍ ရေးသားထားပြီး သူ့အနေနဲ့ ရွာလေးမို့လို့ဆိုပြီး မျက်နှာမလွှဲကြပါနဲ့ဗျာ ဆိုပြီးတောင်းဆိုလာခဲ့ပါတယ်။

ငွေတွေကို K pay – 09965180220မှ တစ်ဆင့် လှူဒါန်းနိုင်သလို

Wave money – 09965180220မှလည်း လှူဒါန်းနိုင်တဲ့အကြောင်း

သူရဲ့ လူမှုစာမျက်နှာကနေ အလှူခံတိုက်တွန်းထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း တက်နိုင်သလောက် ပါဝင်လှူဒါန်းကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *