မီးမလာတဲ့ အချိန်ပူအိုက်လို့ ညည်းမိမယ်ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေကို အားနာပြီး မျက်ရည်ကျရတဲ့အကြောင်း ပြောလာခဲ့တဲ့ အေးသီတာ

မီးမလာတဲ့ အချိန်ပူအိုက်လို့ ညည်းမိမယ်ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေကို အားနာပြီး မျက်ရည်ကျရတဲ့အကြောင်း ပြောလာခဲ့တဲ့ အေးသီတာ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇာတ်ပို့ သရုပ် ဆောင် တစ်ယောက်အဖြစ် ပရိတ်သတ် အသိ အ မှတ်ပြု

ချစ်ခင် အားပေးမှုတွေကို အခိုင် အမာရရှိထားတဲ့ အေးသီတာက စီးပွားရေးတွေ ကြပ်တည်းနေတဲ့ လက်ရှိ အခြေနေတွေမှာလည်း စေတနာရှင်တွေနဲ့

အတူ အခက် အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ တတ်နိုင်သလောက် ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

အေးသီတာကတော့ ရက်ပိုင်းအတွင်းမှာ ရာသီဥတုပူပြင်းနေတဲ့အပြင် မီးပျက်တဲ့ အချိန် ပူအိုက် လို့

ညည်းမိမယ် ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ သူတွေကို အားနာစိတ်ဖြစ်မိတဲ့အကြောင်း ပြောပြလာပါတယ်။

တစ်ညလုံး မီးပျက်ပြီး ပူအိုက်လို့ ညည်းချင်တဲ့ အချိန်တိုင်း သူမထက် အဆပေါင်းများစွာ နုဖက်ပေမယ့် ပင်ပန်း ခက်ခဲနေကြရတဲ့ လုပ်ဖော် ကိုင်ဖက်

အနု ပညာရှင်တွေရဲ့ မျက်နှာတွေကို မြင်ယောင်ကာ အား နာစိတ်နဲ့ အတူ စိုးရိမ်မိပြီး ဝမ်းနည်း မျက်ရည် ကျတဲ့ အကြောင်းတွေကို ပြောပြထားတာပါ။

အားလုံးကို သတိရလွမ်းဆွတ်မိသလို အားနာ သနားမိကာ မျက်ရည်ကျရင်း အမြန်ဆုံး ပြန်လာနိုင်ကြဖို့ကိုလည်း အေးသီတာက ဆုတောင်း ပေးထားပါသေးတယ်။

မနေ့ညကတညလုံးမီးပျက် တိုက်ခန်းတို့ သ ဘာဝ မီးပျက်ရင် အဲယားကွန်းမရ ပြုတ်ထားသလိုဖြစ် ဒါပေမယ့် မညည်းခဲ့မိဘူး အမလေးပူလိုက်တာလို့

ညည်းမိမယ်ကြံတိုင်း ကိုယ့်ထက် အဆပေါင်းများစွာ ချမ်းသာ နုဖက် အုအက်နေတဲ့ ကျမ ချစ်တဲ့ လုပ်ဖော် ကိုင်ဘက်တွေရဲ့ မျက်နှာ ဘယ်လိုနေ ဘယ်လိုစား ရ

ပါ့ဆိုတဲ့အတွေးနဲ့ ညီးချင်စိတ်ပျောက် မျက်ရည်တွေရောက်ခဲ့ရတယ်။

အားလုံးကို သတိရ လွမ်းဆွတ် အားနာ သနားမိပါတယ်။ အမြန်ပြန်လာနိုင်ပါစေ ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ အားလုံးကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေ အမြန်ဆုံး ပြန်လည် လွတ် မြောက်စေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *