မိသားတစုလုံး အမှန်တရားကိုလိုလားလို့ ဒီကနေ့အထိဒုက္ခသုက္ခ မျိုးစုံခံစားနေရတဲ့ မင်းသမီး (သို့) ဘမျိုးဘိုးတူဆိုသလို ရဲရင့်လှတဲ့ အိန္ဒြာကျော်ဇင်

မိသားတစုလုံး အမှန်တရားကိုလိုလားလို့ ဒီကနေ့အထိဒုက္ခသုက္ခ မျိုးစုံခံစားနေရတဲ့ မင်းသမီး (သို့) ဘမျိုးဘိုးတူဆိုသလို ရဲရင့်လှတဲ့ အိန္ဒြာကျော်ဇင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ၂၀၀၁ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Pan – Asia Film Festival မှာ ထိုင်းရုပ်ရှင် ဒါရိုက်တာရိုက်တဲ့ ထိုင်း သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကား တစ်ကားပြပါတယ်။

၁၈ ရာစုမှာ ဗမာဘုရင်တွေ ယိုးဒယားကိုစစ်ချီတဲ့ ပြကွက်တွေ ပိုပိုသာသာ ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ဇာတ်ကားပြနေတုန်းမပြီးခင် သိပ်လှတဲ့ မင်းသမီးတစ်ယောက်က ရုပ်ရှင်ပြခန်းထဲက ထွက်သွားပါတယ်။

အဲဒီ ထိုင်းဒါရိုက်တာဟာ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်းနိုင်ငံ ပြန်ရောက်တဲ့အခါ ထိုင်း မီဒီယာတွေမှာ ပြင်သစ်ရုပ်ရှင်ပွဲတော်အကြောင်း ဖြေကြားတဲ့အခါသူ့ရုပ်ရှင်မပြီးခင် ထထွက်သွားတဲ့မင်းသမီး ဟာမြန်မာမင်းသမီး အိန္ဒြာကျော်ဇင် ဖြစ်တဲ့အကြောင်း၊

အိန္ဒြာကျော်ဇင်နဲ့စကား ခဏပြောခဲ့ရကြောင်း၊ ဖော်ရွေပြီး သိပ်လှတဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ကြောင်း၊ အိန္ဒြာကျော်ဇင်က သူရိုက်တဲ့ ထိုင်းသမိုင်း ရုပ်ရှင်အကြောင်း မေးကြောင်း၊ အိန္ဒြာကျော်ဇင်နဲ့ အနုပညာလုပ်ငန်းတွေ လက်တွဲလုပ် ဆောင်ချင်လို့ ထပ်ပြီး ဆက်သွယ်ခဲ့ပေမယ့် သူမက ငြင်းခဲ့ကြောင်းတွေ ပြန်ပြောပြခဲ့ပါတယ်။

အဲဒီလို ပြတ်သားတဲ့ ရွှေမင်းသမီးဟာ သမိုင်းအစဉ် အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေး တစ်ယောက် ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ အမေ ဒေါ်ဂျူလီဇေယျ ခေါ် ဒေါ်မြသီတာ ဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ သမီး ၅ ယောက်ထဲကအဖေဖြစ်သူ ဗိုလ်ဇေယျနဲ့ အတူဆုံးသမီးပါ။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ ရဲဘော်သုံးကျိပ်မှာ ဗိုလ်အောင်ဆန်း ပြီးရင် ဗိုလ်လကျာ်နဲ့ ဗိုလ်ဇေယျကဒုတိယနဲ့ တတိယခေါင်းဆောင်လို့ ဗိုလ်ကျော်ဇော သမီး ဒေါက်တာ လှကျော်ဇောက ရေးဖူးပါတယ်။

၁၉၃၈ ခုနှစ် ရန်ကုန်မြို့မှာ ဗိုလ်အောင်ကျော် အရေးအခင်း မဖြစ်ခင် ရက်ပိုင်းအလို ဒီဇင်ဘာလ ၁၅ ရက်နေ့က နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ် လမ်းပေါ် ထွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက ကိုဌေးမြိုင် (ဒဂုန်တာရာ) ကလည်း အိန္ဒြာကျော်ဇင်ရဲ့ ဘကြီး တော်စပ်ပါတယ်။

အဲဒီတုန်းက နယ်ချဲ့အစိုးရဟာ အခုလိုပဲ ပုဒ်မ ၁၄၄ ထုတ်ထားပြီး၊ မြို့ထဲမှာ သံချပ်ကားတွေနဲ့ အင်အားပြနေတဲ့ကြားက အာဏာဖီဆန်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်လို့ ဒဂုန်တာရာက ပြန်ရေးခဲ့ပါတယ်။

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန် ဗိုလ်အောင်ကျော်လမ်းပေါ်မှာ ဆန္ဒပြကျောင်းသားတွေကို နယ်ချဲ့အစိုးရက ဖြိုခွင်းလို့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့အတွက် အရေးယူပေးဖို့ မန္တလေးမှာ ဆန္ဒထွက်ပြကြတဲ့အထဲပါဝင်ခဲ့တဲ့ ဖြူဖြူ ချောချော ကျောင်း သား ကိုလှမောင်ဟာ အိန္ဒြာကျော်ဇင်ရဲ့ အဘိုး ဗိုလ်ဇေယျပဲ ဖြစ်ပါတယ်။

ဗိုလ်ဇေယျဟာ မိသားစုနဲ့ တကွဲတပြား တောခိုရင်း ကျဆုံးခဲ့ ရသလို၊ ဗိုလ်ဇေယျညီ ဦးစိုးဝင်းဟာလည်း ၁၉၈၈ အရေးအခင်းမှာ အဖမ်းခံရပြီး ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

။ ကျန်ခဲ့တဲ့ မိသားတစုလုံး အမှန်တရားကို လိုလားလို့ ဒုက္ခသုက္ခ မျိုးစုံခံစားနေရတာ ဒီကနေ့အထိပါပဲ။ Crd to Oraginal

Add a Comment

Your email address will not be published. Required fields are marked *