မိသားစုများမှ သေပြီထင်ပြီး ဈာပနာ အခမ်းအနားပြုလုပ်ပေးနေပြီး ကြေကွဲခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိသားစုများမှ သေပြီထင်ပြီး ဈာပနာ အခမ်းအနားပြုလုပ်ပေးနေပြီး ကြေကွဲခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အချို့သော သူများက အိမ်ရှိ မိသားစုကို တစ်စုံ တစ်ရာ မပြောဆိုဘဲ အိမ်ကနေ ထွက်ထွက် သွားလေ့ရှိပြီး လျှောက်လည် နေတတ်ပါတယ်။ ထို့သို့ မပြုလုပ်မှီ ကိုယ့် မိဘ မောင်နှမများမှာ မည်သို့ စိတ်ပူနေမလဲဆိုတာ တွေးပေးကြည့်ဖို့ သင့်ပါတယ်။

သို့ဖြစ်၍ ပါရာကွေးနိုင်ငံမှ Penayo အမည်ရှိ အသက် (၂၀) နှစ် အရွယ် ကောင်လေးက သူငယ်ချင်းများနှင့် အတူ အပြင် ထွက်လည်ပြီး (၃) ရက်ကြာခဲ့သော် လည်း အိမ်ရှိ မိသားစုအား အကြောင်း တစ်စုံတစ်ရာ မပြောဆိုဘဲ ပျော်ပါးနေခဲ့ပါတယ်။

ထိုသို့ အိမ်က လူတွေကိုလည်း ဘယ်သွားမယ် ဘယ်လာမယ် ဘာလုပ်မယ် မပြောခဲ့တာကြောင့် မိသားစုများမှ စိတ်ပူကာ ဒေသခံ ရဲအရာရှိများအား လူပျောက်တိုင်ကြားခဲ့ပါတယ်။

ဖြစ်စဉ်မှာ တိုက်ဆိုင်လွန်းသည်ဟု ဆိုရမည့် အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ၎င်း ရက်ပိုင်းတွင်ပဲ အနီး အနားမြို့ရှိ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ရာ သေဆုံးသူ အလောင်းမှာ မီးလောင်ဒဏ်ရာကြောင့် မည်သူ ဘယ်ဝါဆိုတာ ခွဲခြား၍ မရဖြစ်နေပြီး မိသားစုမှ သူတို့ရဲ့ သားလေးဖြစ်နေသည်ဟု ယုံကြည်ခဲ့ကြပါတယ်။

ထို့ကြောင့် ၎င်း ရုပ်အလောင်းအား အိမ်တွင် အသုဘ အခမ်းအနားပြုလုပ်ပြီး သင်္ဂြိုလ်ရန် ပြင်ဆင်နေချိန်လေးမှာဘဲ ထင်မှတ်မထားဘဲ သားဖြစ်သူမှာ အိမ်သို့ ရောက်ရှိလာပြီး ဝမ်းနည်းဝမ်းသာဖြစ်ကုန်ကြရပါတယ်။ ကောင်လေးက အဖြစ် အပျက် အားလုံးသိရှိသွားပြီးနောက် ကြေကွဲသွားရပြီး သင်ခန်းစာကောင်းတစ်ခု ရသွားခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း ကောင်လေးအပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူး အထူးတင် လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *