မိသားစုတွေနဲ့ပြန်စုံနိုင်အောင် စိတ်မနှံသူကို ကူညီပေးလာခဲ့တဲ့မေတ္တာရှင်တစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

စိတ်မနှံ့ဦးလေးတစ်ယောက်ကို မိသားစုတွေနဲ့ပြန်စုံနိုင်အောင် ကူညီပေးလာခဲ့တဲ့မေတ္တာရှင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Kuan Chee Heng လို့အမည်ရှိပြီး လူအများက Uncle Kentang ဆိုပြီးသိကြတဲ့ အမျိုးသားတစ်‌ ယောက်က သူ့ရဲ့ Facebook page မှာ အိမ်မပြန်တက်လို့ Puchong မြို့ရဲ့ လမ်း‌ဘေးမှာနေ နေရတဲ့ စိတ်မနှံ့တဲ့ ဦးလေးတစ်‌ယောက်ကို ကူညီနိုင်ဖို့ ပုံတင်လာခဲ့ပါတယ်။

သို့ပေမဲ့လည်း အခြားသူတွေက အဲ့ဒီဦးလေးကို အဲ့မှာထားခဲ့လိုက်ပါဆိုပြီး Uncle Kentang ကို ပြောလာခဲ့ပါတယ်။ သူက အစာစားရဖို့အတွက် Puchong မြို့ Tesco လမ်း‌ဘေးတွေမှာရှိတဲ့ အမှိုက်ပုံးထဲက လူများ စွန့်ပစ်ထားတဲ့ အစာတွေကို ရှာစားနေခဲ့ရပါတယ်။

တစ်စုံတစ်ယောက်က ကျွန်တော့ရဲ့ တင်ထားတာကိုတွေ့ပြီး ‘အဲ့ဒီဦးလေးရဲ့ နာမည်က An Tat တဲ့ပြီးတော့ သူ့မှာ အစ်ကိုလည်းရှိပါသေးတယ်။ သူ့အစ်ကိုနာမည်ကျတော့ Ah Seng ပါ။ အစက အဲ့ဒီ ဦး‌လေးက Mantin ရက်ကွက်က ရဲစခန်းရဲ့ ဆန့်ကျင်ဘက်မှာ နေထိုင်ခဲ့ပါတယ်။

သူငယ်စဉ်ကတည်းက အဲ့ဒီ စိတ်မနှံ့တဲ့ ရောဂါကို ခံစားနေရတယ်ဆိုပြီး ကျွန်တော့်ကို ပြောပြခဲ့တာပါလို့ Uncle Kentang က ရေးသားလာခဲ့ပါတယ်။ Uncle Kentangက စိတ်မနှံ့တဲ့ ဦးလေးစကားပြန်ပြောလာဖို့ ကြက်ဆီထမင်း လိမ္မော်သီး ရေ ကော်ဖီ ဆီးကရက် ဘီယာတွေနဲ့ အကွက်ဆင်ပြီးကြိုး စားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

သူစကားပြန်ပြောလာပေမဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပါဘဲ။ ‌မေးလိုက်ရင် သူက စကားတစ်ခွန်းဘဲ ပြန်ဖြေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဇွဲမလျော့ခဲ့ပါဘူး။ ကျွန်တော်တို့သူ့ကို တစ်ယောက်တည်း ဒီတိုင်းထားခဲ့မယ်ဆိုရင်လည်း ထားလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲ့လိုအကြင်နာမဲ့တဲ့ နှလုံးသားမရှိပါဘူး။ သူပြန်ဖြေဖို့ ကျွန်တော်သူ့ကို စကားထပ်ပြောလာခဲ့ပါတယ်။

ဒါပေမဲ့ သူမကြာမကြာ တိတ်ဆိတ်ပြီး ငေးဘဲငေးကြည့်နေတယ် တခါတလေဆိုရင်လည်း မေးလိုက်ရင် မဟုတ်ဘူးဆိုတဲ့ ပုံစံနဲ့ သူ့ခေါင်းလေးကို ခါပြတယ်လို့ Uncle Kentang က ပြောလာခဲ့ပါတယ်။ လူတွေကတော့ အဲ့ဒီဦးလေးကို လမ်းပေါ်မှာဘဲ ထားခဲ့ဖို့ Uncle Kentang ကို ပြောနေခဲ့ပါတယ်။

ဒါပေမဲ့ Uncle Kentang ကမသိသလို မကြားသလိုလိုနဲ့ဘဲ နေနေပါတယ်။ ကျွန်တော်တို့ အဲ့ဒီဦးလေးကို ကူညီရမယ် ကျွန်တော်တို့ သူ့ကို အဲ့ဒီသစ်ပင်အောက်မှာဘဲချန်ထားခဲ့မယ်ဆိုရင် မိုးရွာတဲ့ချိန် နေပူချိန်တွေဆိုလည်း အဲ့ဒီနေရာမှာအိပ်နေရတာက သူ့အတွက် သနားစရာကောင်းပါတယ်ဆိုပြီး Uncle Kentang က ထပ်ပြောလာခဲ့ပါတယ်။

အဲ့ဒီလို ပြောပြီးတဲ့နောက် သူဇွဲမလျော့ဘဲ အားကျိုးမာန်တက်နဲ့ အဲ့ဒီဦးလေးကို ဆက် လက်ကူညီလာခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့အစ်ကိုတွေ ဆွေမျိုးတွေကို စုံစမ်းပြီးတဲ့နောက် သူ့ရဲ့အစ်ကိုကို ဖုန်းခေါ်ပြီး သူ့အစ်ကိုအသံနဲ့ သူ့ကိုနားထောင်ခိုင်းလိုက်ပါတယ်။ ကျွန်တော် သူ့ကိုအိမ်ပြန်ပို့ချင်တယ်ဆိုတာကို သူသိနေခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးရောက်တော့မယ် အိမ်ပြန်ကြစို့ဆိုပြီး ကျွန်တော် သူ့ကိုပြောလိုက်တဲ့အခါမှာ ရုတ်တရက် ကျွန်တော့်ကို ပြုံးပြပြီး ခေါင်းညိတ်ပြလာခဲ့ပါတယ်။ သူလည်း အိမ်ပြန်ချင်နေပါတယ်လို့ Uncle Kentang က ပြောလာခဲ့ပါတယ်။

နောက်ဆုံးတော့ အဲ့ဒီဦးလေး အိမ်ကို ပြန်ရောက်နိုင်ခဲ့ပြီး မိသားစုတွေနဲ့ပြန်ဆုံနိုင်ခဲ့ပါတယ် ခင်ဗျာ။ အဆုံးထိ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *