မိဘမဲ့ဂေဟာများသို့ လှူဒါန်းရန် လမ်းမပေါ် နေ့တိုင်းငွေတောင်ခံနေလာခဲ့တဲ့ အသက် (၁၀၁) နှစ်အရွယ် အဘိုးအိုတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိဘမဲ့ဂေဟာများသို့ လှူဒါန်းရန် လမ်းမပေါ် နေ့တိုင်းငွေတောင်ခံနေလာခဲ့တဲ့ အသက် (၁၀၁) နှစ်အရွယ် အဘိုးအိုတစ်ဦး

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အသက် (၁၀၁) နှစ်အရွယ် ရှိပြီဖြစ်တဲ့ Dobri Dobrev အမည်ရှိတဲ့ အိုးမဲ့ အိမ်မဲ့ အမျိုးသားတစ်ဦးက ဒုတိယ ကမ္ဘာစစ်မှာ သူ့ရဲ့ အကြားအာရုံ အများစုကို ဆုံးရှုံးလာခဲ့ရပါတယ်။

အဘိုးက သူ့ရဲ့ လက်လုပ် အဝတ်အစားများနှင့် သားရေဖိနပ်များကို ဝတ်ဆင်ကာ နေ့တိုင်းလိုလို (၁၅) မိုင်ခြေလျင် ခရီးထွက်ပြီး ငွေတောင်းခံခြင်းကို ဆယ်စုနှစ် တစ်ခုကတည်းက ပြုလုပ်လာခဲ့ပါတယ်။

အဘိုးက Bulgaria နိုင်ငံရှိ သူနေထိုင်တဲ့ ရွာတစ်ရွာမှ Sofia မြို့သို့သွားပြီး တစ်နေ့လုံး ငွေတောင်းခံနေခဲ့ပါတယ်။ အဘိုးက တ ကယ်တမ်း မိမိအဖို့သာ ငွေတောင်းစားနေခြင်း မဟုတ်ခဲ့ပါဘူး။ အဘိုးက သူ့စားဝတ် နေရေးအတွက်ကို သပ်သပ်ထားပြီး တစ်လလျှင် ဒေါ်လာ (၁၀၀) ခန့် ကျန်ထားရန် စီမံခန့်ခွဲလာခဲ့ပါတယ်။

နှစ်များ တစ်လျှောက် အဘိုး Dobriက ဒေါ်လာ (၅၀,၀၀၀) ကျော် စုဆောင်းနိုင်ခဲ့ပြီး ၎င်း ငွေတွေကို ဘေမပေးဆောင်နိုင်တဲ့ မိဘမဲ့ ဂေဟာများအားလုံးကို လှူဒါန်းပေးလာခဲ့ပါတယ်။အဘိုး Dobriက သူရရှိခဲ့တဲ့ ငွေတစ်ရာ ခိုင်နှုန်းကိုတောင် သူလက်ထဲ မသိမ်းဆည်းထားခဲ့ပါဘူး။

သူ့ရဲ့မွေးရပ်မြေရှိ လူအချို့က သူ့ကို Baylovo ရဲ့သူတော်စင် လို့ခေါ်ဝေါ်လာခဲ့ကြပါတယ်။ အဘိုး Dobri က ကိုယ်ကျိုးမငှဲ့ဘဲ ယုတ္တိအဆန်ဆုံးသောအရာကို အကောင်းဆုံး လုပ်ဆောင်နိုင်ကြောင်း လူတွေအားလုံးကို သက်သေနဲ့ သရုပ်ပြလာခဲ့ပါတယ်။

အဘိုး Dobri က တန်ဖိုးရှိကြီးတဲ့ သနား သက်ညာ ဂရုဏာစိတ်ကို အပြည့်အဝ ပိုင် ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အဘိုး Dobri က အသက် အရွယ်ကြီးပြီး လမ်းမပေါ် တောင်းစားဖို့ မလိုတော့ပေမဲ့ အဘိုးက သူ့ရဲ့တစ်နေ့တာ အလုပ်ကို ဆက်လုပ်နေခဲ့ပြီး မိဘမရှိတဲ့ ကလေးငယ်တွေကိုလည်း ထောက်ပံ့လာခဲ့ပါတယ်။

လူသားအားလုံးက အဘိုး Dobri နဲ့ ထပ်တူ မတူနိုင်ခဲ့ရင်တောင် အနည်းငယ် တူနေခဲ့ရင်တော့ ဒီကမ္ဘာမြေကြီးက ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာနိုင်မှာပါတော့ အမှန်ပါဘဲ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အဘိုးအပေါ် ထင်မြင် ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *