မိဘနှစ်ပါးမြုပ်ထားတဲ့ သဲမြေပုံကို နေ့တိုင်းသွားပြီး အမေ အဖေ နာမည်ကို ခေါ်နေခဲ့တဲ့ ၂ နှစ်အရွယ် ကလေးငယ်လေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိဘနှစ်ပါးမြုပ်ထားတဲ့ သဲမြေပုံကို နေ့တိုင်းသွားပြီး အမေ အဖေ နာမည်ကို ခေါ်နေခဲ့တဲ့ ၂ နှစ်အရွယ် ကလေးငယ်လေး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ လူတိုင်းက တစ်ချိန်ချိန်မှာတော့  ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ကွဲကွာ ထားရစ် ခဲ့ရမှာပါ။

ယခု တစ်ခေါက်မှာလည်း ၂ နှစ်သား အရွယ် မလေးရှားနိုင်ငံက ကလေးငယ် တစ်ယောက်က ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲ ဆုံးရှုံးသွားခဲ့တာပါ။

မိခင်ကို အတော်လေး လွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးက မိဘ နှစ်ပါးလုံးကို မြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား မှာသဲမြေတွေနဲ့ ဆော့ကစားနေခဲ့တာကို

မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက လူမှုကွန်ရက် စာမျက်နှာမှတဆင့် ခုလိုရေးသား ဖော်ပြလာခဲ့ပါတယ်။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့ စကားပြောချင်တယ် ဆိုလို့သူ့ရဲ့ မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကို ခေါ်လာ ပေးခဲ့တာပါ ။

သူ့ရဲ့ အမေကဒီနေရာမှာ ရှိနေတယ်ဆိုပြီး ပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က မေမေ မေမေ ဆိုပြီး အော်ခေါ်နေခဲ့တာပါ ။

ကလေးငယ်က အိမ်ပြန်ခေါ်လို့လည်း မရတော့ပါဘူး ။

အိမ်မှာ သဲတွေ လုံးဝမဆော့တဲ့ ကလေးက ဒီမှာကျ သဲမြေတွေနဲ့ ဆော့ကစား နေခဲ့တာပါ ။

သူ့မိဘတွေကို အတော်လေး သတိရနေပုံပါပဲ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ် နောက်တစ်ကြိမ်မှ ပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ဆိုပြီးတော့ ကလေးငယ်ရဲ့ ရင်နင့်ဖွယ် အဖြစ်ကို ရေးသားထား ခဲ့ပါတယ်။

သားလေးက အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့ အတူ နေထိုင်လျက်ရှိပြီးတော့ မိဘနှစ်ပါး ရှိရာနေရာသို့ အမြဲ သွားရောက် လည်ပတ်လေ့ရှိတယ်လို သိရပါတယ်။

ထို့ကြောင့် အခုလို တန်ဖိုးရှိလွန်းလှတဲ့ အချိန်လေးမှာ ကိုယ် ချစ်ရသူတွေကို အချိန်ပေးပြီးတော့ တန်ဖိုးရှိတဲ့

အချိန်မျိုးတွေ အမှတ်တရ မျိုးတွေဖန်တီးပြီး အ ကောင်းဆုံး ရှေ့ဆက် လျှောက်လှမ်းကြဖို့ အကြံပေးချင်ပါတယ်။

စာဖတ်ပရိတ်သတ်ကြီးအားလုံးလည်း ဒီစာဖတ်နေချိန် သားငယ်လေးနဲ့ ထပ်တူ ဝမ်းနည်းနေမိမယ်လို့ ထင်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *