မိန်းမရဲ့ ပူညံပူညံ ပွစိပွစိဒဏ်ကိုမခံနိုင်တော့လို့ ထောင်ထဲ နေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြတိုက်ခဲ့တဲ့ အဖိုးအိုတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိန်းမရဲ့ ပူညံပူညံ ပွစိပွစိဒဏ်ကိုမခံနိုင်တော့လို့ ထောင်ထဲ နေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြတိုက်ခဲ့တဲ့ အဖိုးအိုတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မိန်းမနဲ့နေရတာထက် ထောင်ထဲနေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြတိုက်ခဲ့တဲ့ အဖိုးအို အ ကြောင်းပဲ ဖြစ်ပါတယ်။ ၎င်း အဖြစ် အပျက်က ကြံကြံ ဖန်ဖန်ပါဘဲ။

ပူညံ ပူညံ အိညက် အိညက် လုပ်လွန်းတဲ့ မိန်းမကို စိတ်ကုန် လွန်းလို့ သူနဲ့ အတူတူ နေရတာထက် စာရင် ထောင်ထဲ နေရ တာကမှ နား အေးပါးအေး ရှိဦးမယ်လို့ အသက် (၇၀) ကျော် အဖိုးအို Lawrence Ripple က တွေးဆလာခဲ့ပါတယ်။

ဒါကြောင့် သူအနီးစပ်ဆုံး ဘဏ်ကို သွားပြီး သေနက် ပြကာ ဓားပြတိုက်ခဲ့ပြီး ပေါင် (၂၃၀၀) အထိ ရရှိလာခဲ့ပါတယ်။ အဲဒီနောက် လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေကို ရဲကို ခေါ်စေပြီး ပိုက်ဆံအသုံးပြုခဲ့တဲ့ လက် နက်နဲ့အတူ စိတ် ရှည် လက်ရှည် ထိုင်စောင့်ပြီး အဖမ်းခံလာခဲ့ပါတယ်။ ဒီပြစ်မှုအတွက် Ripple ကထောင် ဒဏ်အနှစ် (၂၀) အထိ ကျမယ့်အရေးနဲ့ ရင်ဆိုင် နေရ ပါတယ်။

ဒီထောင်ဒဏ် ပမာဏက များပြားလွန်းပြီး သူ့တကယ် မျှော်လင့်ခဲ့တဲ့ အတိုင်း အတာကော ဟုတ်ရဲ့ လားဆိုတာ မသိ ရပါဘူး။ FBI က စုံစမ်း ထောက်လှမ်းမှု မှာတော့ ဒီပြစ်မှု ကျူးလွန်ခြင်းမတိုင် မီမှာ Ripple ကဇနီး ဖြစ်သူနဲ့ အကြီး အကျယ် စကားများခဲ့တယ်လို့ သိရပါတယ်။

Ripple ရဲ့ဇနီးဖြစ်သူ Endayon လည်း တ ရားရုံး ကြားနာမှုတွေကို တက်ရောက်ခဲ့ပြီး ဘာမှတ်ချက်မှ မပြုလိုကြောင်းပြောလာခဲ့ပါတယ်။

Ripple က Kansas City မြို့ရှိ အမှတ် 756 Minnes ota Ave လမ်းမှာ တည် ရှိတဲ့ Bank of Labor ဘဏ်မှာ အနုကြမ်း ဝင်စီးခဲ့ပြီး ရဲကို ခေါ်စေကာ အေးအေး ဆေးဆေး အဖမ်းခံခဲ့ပါတယ်။

၎င်း အဖြစ်အပျက်က (၂၀၁၆) ခုနှစ် စက် တင်ဘာလ (၂) ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ် အပျက်ပါ။ ခုလက်ရှိ အချိန်ထိတော့ အမှုကို မစီရင်သေးပါဘူး ဆိုတဲ့အကြောင်းကို ပရိတ်သတ်ကြီး အတွက်ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အဖြစ်ပျက်အပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *