မုန့်ဖိုးစုပြီး မိခင်အတွက် စိန်လက်စွပ်ဝယ်ပေးခဲ့တဲ့ (၁၀) နှစ် အရွယ်သားလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မိခင်အတွက် မုန့်ဖိုးစုပြီး စိန်လက်စွပ်ဝယ်ပေးခဲ့တဲ့ (၁၀) နှစ် အရွယ်သားလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မိခင်တစ်ယောက် ဖြစ်ရတယ်ဆိုတာက လောကမှာ အခက်ခဲဆုံးနဲ့ အမြင့်မြတ်ဆုံး တာဝန်တစ်ခုကို ထမ်းဆောင်ရခြင်းတခုဆိုလည်း မမှားပါဘူး။

များသောအားဖြင့် အမေတွေက သား သမီးတွေအပေါ် ချစ်ပေး ဂရုစိုက်ပေးတာဟာ တစ်ဘက်တည်းက မေတ္တာတွေသာ ဖြစ်နေတတ်ပေမယ့် သားသမီးဆီက ကြီး မားတဲ့ ပေးဆပ်မှုကို ပြန်ရရှိတဲ့ အခါတွေမှာတော့ ပိုပြီးတောင် ကြည်နူးစရာကောင်းတဲ့ မိသားစုဆက်ဆံရေးတွေ ဖြစ်လာခဲ့ပါတယ်။

ကလေး အများစုကတော့ ငယ်တုန်းရွယ်တုန်းမှာ ရသမျှ မုန့်ဖိုးတွေကို မုန့်စားဖို့ ကစားဖို့လောက်အတွက်ပဲ သုံးပစ်လိုက်ကြတတ်ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်က (၁၀) နှစ်သားအရွယ် ကောင်လေး တစ်ယောက်က ခုနကပြောတဲ့ တခြားကလေးတွေနဲ့ မတူခဲ့ပါဘူး။

ပြီးခဲ့တဲ့ တရုတ် နှစ်ကူးပွဲကာလတုန်းက ကောင်လေးက သူရရှိသမျှ မုန့်ဖိုးတွေကို စုပြီး သူ့မိခင်အတွက် စိန် လက်စွပ်ဝယ်ပေးဖို့ ကြိုးစားခဲ့ရာမှ သူ့အကြောင်းက တရုတ်ပြည်က သတင်းတွေထဲ ပါလာခဲ့ပြီး ချီးကျူးမှုတွေရရှိလာခဲ့ပါတယ်။ သူက ယွမ် (၈,၈၀၀) အမေရိကန်ဒေါ်လာ (၁,၂၀၀) ကျော်ကို စုထားခဲ့ပြီး သူ့မိခင်ကို တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကောင်လေးက သူ့မိခင်ကို Tiananmen ကုန်တိုက်ထဲ ဆွဲခေါ်သွားခဲ့ပြီး မိခင်စိတ် ကြိုက် စိန်လက်စွပ်တစ်ကွင်းကို ရွေးခိုင်းခဲ့ပါတယ်။ မိခင်က သားဖြစ်သူက သူမကို နောက်နေတယ်ပဲထင်ပြီး လက်စွပ်အချို့ကို စမ်းဝတ်ပြခဲ့ပြီး ဆိုင်ထဲက ပြန်ထွက်ဖို့ လုပ်ခဲ့ပေမယ့်လည်း ကောင်လေး ငိုချလိုက်တော့မှ တကယ်ဝယ်ပေးဖို့ လုပ်နေမှန်း သူမသိခဲ့ရပါတယ်။

ကောင်လေးက သူ့အတန်းဖော်တွေရဲ့ အမေတွေက စိန်လက်စွပ်တွေ ဝတ်ထားတာမြင်ခဲ့တာကြောင့် သူ့အမေကိုလည်း မျက်နှာ မငယ်စေလိုတဲ့အတွက် အခုလို ပိုက်ဆံစုပြီး သူကိုယ်တိုင်ဝယ်ပေးဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

သားရဲ့ ပိုက်ဆံကို ဆက်စုထားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးက နည်းလမ်းတစ်ခုသုံးပြီး လက်စွပ် မဝယ်ဖို့ တားခဲ့ပါတယ်။ သူမက ယွမ် (၅) သောင်းကျော် ဒေါ်လာ (၇၀၀၀) ကျော်ကို ပြပြီး ဒါကို ပိုကြိုက်ကြောင်းနဲ့ ပိုက်ဆံထပ်စုပြီး နောက်မှ ဝယ်ပေးလို့ရကြောင်း ပြောလာခဲ့ပါတယ်။

အမေ တကယ်ကြိုက်တာ ဝယ်ပေးချင်နေခဲ့တဲ့ ကလေးအတွက်တော့ ဒီနည်းနဲ့တားတာဟာ အလုပ်ဖြစ်လာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ ကလေးက ဒီလိုစိတ်လေးရှိတာနဲ့တင် ချီးကျူးဖို့ကောင်းနေပြီဖြစ်ပြီး သူတို့ သားသမီးတွေကျရင်လည်း အဲဒီ့လို သိတတ်သူတွေ ဖြစ်လာစေချင်ကြောင်း မိခင်လည်း အလိမ္မာနည်းသုံးပြီး သားရဲ့ ပိုက်ဆံတွေကို ဆက်စုထားစေခဲ့တာလည်း ချီးကျူးဖို့ ကောင်းကြောင်း မှတ်ချက်များစွာ ရေးသားလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *